Professional Authors

မျက်နှာစိမ်း အာရုံ

မိုးလင်းည အာရုံ
ပြန့်ကြဲနေတာလား ပေပွကုန်ပြီလား အတွေးတွေ
၅ မိနစ်  .. ၁၀ မိနစ် ..
ငုတ်တုတ်ထိုင်နေတဲ့ လူ
အသက်ရှူသံက တောင့်တောင့်တတ
ဆန္ဒဇောတွေလား ရမ္မက်ဇောတွေလား
မရယူနိုင်တာကို ဘေးချိတ်လိုက်
ရှူသွင်းလိုက်…ရှူထုတ်လိုက်
၅ မိနစ် ..၁၀ မိနစ် ..
ရယူခြဲ့ခင်းတွေကရော မြဲလား
ပါးလှပ်လှပ်တွေ့ 
အလင်းဓာတ်တစ်ခု
မျက်နှာစိမ်းဧည့်သည် နေရောင်ခြည်အလင်း
ကိုယ်တွင်းတစ်နေရာရာကို အလည်လာရင်း……. ။      ။

In: ကဗျာ Posted By: Date: Jan 10, 2012
Comment #1

အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 10, 2012
Comment #2

So Great.

commentinfo By: X - ray at Jan 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment