Professional Authors

ငါ…အရူးတစ်ယောက်ပါ

ငါဟာ..အရူးတစ်ယောက်ပါချစ်သူ..
နင်အကြိမ်ကြိမ်စွန့်ထားခဲ့ပေမယ့်
မမုန်းရက်နိုင်သူငါ..
မျက်ရည်များကိုဖက်တွယ်ရင်း
အလွမ်းတွေဝေတဲ့ကမ္ဘာမှာ
နင်ပြန်လာမလား..စောင့်နေမိတယ်….
ငါဟာ…အရူးတစ်ယောက်ပါချစ်သူ..
နင်အကြိမ်ကြိမ်လှည့်စားခဲ့ပေမယ့်
ယုံစားခဲ့သူငါ..
မုသားတွေကိုဖက်တွယ်ရင်း
နင်ပြောတဲ့စကား..တစ်နေ့အမှန်ဖြစ်မလား..
စောင့်နေမိတယ်..
ငါဟာ..အရူးတစ်ယောက်ပါချစ်သူ..
နင်အကြိမ်ကြိမ်ဒဏ်ရာတွေပေးခဲ့ပေမယ့်
မနာကျည်းရက်သူငါ..
ဝေဒနာတွေကိုဖက်တွယ်ရင်း.
နင့်ခြေရင်းမှာ ဝပ်ဆင်းလို့..
ငါ့ဝိညာဉ်တောင် အပ်နှင်းထားမိတာ
ငါ..ရူးနေလို့ပေါ့နော်….

In: ကဗျာ Posted By: Date: Nov 27, 2011
Comment #1

လုလင် အားပေးသွားပါသည်

Comment #2

hote par bu,,,
chit lun loh phyit twar tar par…
a u lo myo phyit twar aung a chit ka r g loh par..
thu ma ti tay loh par,,
ti yin u ko po p chit twar hmar par,,

commentinfo By: ei lay at Jan 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment