Professional Authors

အိပ်မက်မျှားသူ

စူးရှရှ အိပ်မက် အပိုဒ်ခွဲများ
အလွမ်းတွေ ဆင်ဆာဖြတ်ထားချင်တယ်
အိတ် ထဲက ကွမ်းတစ်ရာ ထုတ်စားလိုက်တယ်
အနာဂါတ် တွေ ချင်းချင်း နီသွားတယ်  ၊၊                ၊၊

အိပ်မက်အပိုဒ်ခွဲ (၁)

ငါ ဟာ ရေတံခွန် တစ်ခု
အလွမ်းတွေ အမြဲတမ်း အန်ချတယ်
နောက်ပြီး . . . ငါဟာ
နှလုံးခုန်သံ နဲ့ မောင်းနှင်ရတဲ့ စက်ရုပ်တစ်ကောင်
ငါ့မှာ အက္ခရာ တွေ သီထားတဲ့
မျက်ရည် တွေနဲ့ ကဗျာ အကြောင်း
ဒဏ္ဍာရီ တွေ ရှိတယ်
ချစ်ခြင်းအားဖြင့် မောင်းကလေးကို လွှတ်လိုက်တယ်
အဲဒီ သေနတ် ပြောင်းဝက စကားသံ တွေ တီးတိုး ထွက်ကျလာတယ်
“ ငါ့ ကို မုန်း လိုက် ပါ တော့ ”
ဒါဟာ အိပ်မက် ဖြစ်ပြီး
အိပ်မက် ထဲမှာသာ ချန်ထားခဲ့ရမဲ့
အိပ်မက် အပိုဒ်ခွဲ တစ်ခုသာ ၊၊               ၊၊

အိပ်မက်အပိုဒ်ခွဲ (၂)

စေတန် မှာလဲ နှလုံးသားနဲ့ 
ဒါပေမဲ့ သူက မြတ်နိုးသမှု နဲ့ 
နှလုံးသား တွေကို သတ်တယ်
ဟုတ်တယ် . . . ကျုပ်က စေတန် တစ်ယောက်ပဲ !!
တစ်ချိန်တုန်းက အိပ်မက်တွေ တောခြောက်ခံရတယ်
ငါ ပြန်ပြေးလာခဲ့တယ်
သူမ ကတော့ အဲဒီနေရာမှာ အဲဒီအတိုင်း ရပ်နေလျက် ၊၊            ၊၊

အိပ်မက်အပိုဒ်ခွဲ (၃)

သွေးနံ့ တွေ လှိုင်တဲ့ ငါ့စကားသံ
အနိဌာရုံ တွေပဲ များတယ်
ငါ့ကို လူတစ်ယောက်လို့ မမြင်ဘဲ
တခြား ရှုထောင့်က ကြည့်ကြည့်ပါ
ငါဟာ  ရက်စက်ပြတယ်
         ခြောက်လှန့် ပြတယ်
         ရယ်မောပြတယ်
နင်ဟာ ဒီအချိန်ထိ ငါ့ကို
         ကြင်နာပြတုန်း
         ထိတ်လန့် ပြတုန်း
         ငိုကြွေးပြတုန်း
ငါ့ မျက်စိရှေ့ က လှုပ်ရှားနေတဲ့ ချိန်သီးလေး ရပ်တန့် သွားတယ်
ငါ့ ဦးနှောက်က လောင်စာ မထည့်ဘဲ ပြန် အသက်ဝင်လာတယ်
အဲဒီနောက်မှာတော့ . .  ငါ့ခရီးသစ်တစ်ခုအတွက်
နှလုံးသားကို သေသေသပ်သပ် ပြင်ဆင်နေတယ်
သူမ ရဲ့ မေးခွန်းက နှလုံးသားမှာ လှိုင်နေအောင် ကျန်နေခဲ့တယ်
ဘယ်ကို သွားမလို့ လဲ  တဲ့
(နင် နဲ့ ဆန့် ကျင်တဲ့ အရပ် ) 
ငါ့ ကိုယ်ငါ ဖြေခဲ့တယ်
နှလုံးသားဟာ ကော်မာ ဆန်ဆန်  ရပ်တန့် သွားပြီ ၊၊                ၊၊

အိပ်မက်အပိုဒ်ခွဲ (၄)

သူမ က ငါ့လက်ကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားတယ်
ငါကလဲ မသိမသာ ဖယ်လွတ်နေတယ်
ရင်ဝမှာ စကားလုံးတွေ မီးတောက်ဆန်ဆန် ပူတယ်
စကားလုံးတွေ ပရောဂ မပါဘဲ တစ်နေတယ်
မျက်ရည်တို့ အတားအဆီး မရှိ ဒလဟော ထိုးကျလာတယ်
သူမ ကို ကျောခိုင်းလိုက်တယ်
နောက်ကျောမှာ အတွေ့ အထိတစ်ခု
တာဝတိံသာ ဆန်ဆန် အေးတယ်
ငါ့ shirt အင်္ကျီ လေးမှာ သူမ မျက်ရည်တွေ ဖိတ်ကျသွားတယ်
ငါ့ စိတ်တွေ ခွေယိုင်လဲချလိုက်ပြီ
“ . . . . . . . ”
ပြီးတော့ သူမ ကျောခိုင်းသွားတယ်
ငါ့ ဒိုင်ယာရီ နောက်တစ်မျက်နှာစာ ဟောင်းသွားတယ် ၊၊                     ၊၊

အိပ်မက်အပိုဒ်ခွဲ (၅)

ကျောင်းတော်ကြီး အရိပ် 
အရင်လို အဆွေးဇာတ်မခင်းတတ်တော့ဘူး
ငါ့ မျက်ရည်နဲ့ ငါ လမ်းခင်းလျှောက်ရတာတော့ ဆိုးတယ်
ကန်တင်း မှာ ထိုင်နေရတာထက် စာရင်
လယ်ကွင်းတွေ ငေးရတာ ပိုနှစ်သက်လာတယ်
ငါဟာ နင့်အတွက် မြေဆီလွှာ တစ်ချပ်ဖြစ်ခဲ့ပေမဲ့
ပန်းပင် ကို ညိုးနွမ်းစေခဲ့တာ ဆိုးတယ်
သြော် . .  သူလဲ ဥယျာဉ်သစ်နဲ့ ရနံ့ သစ်တွေကြား
ပြန်လည် ပွင့်အာ နေပါပြီ
အဲဒီနေ့ က ငါ့စကားလုံးတွေ ငါပြန်ရိုက်သွင်းခဲ့တယ်
နောက်ပြီး ငါ အူလှိုက် သဲလှိုက် ရယ်မောခဲ့တယ်
မျက်နှာပြင်က ရွှဲနစ်လို့  ၊၊               ၊၊

အိပ်မက်အပိုဒ်ခွဲ (၆)

အာတွေ ခြောက်တယ်
ရေတွေ ဆာတယ်
နင့် ပြက္ခဒိန်က င့ါကို ဒိတ်တတ်လိုက်တယ်
“ ပြသဒါး ” တဲ့
ငါ့ လမင်းက မျက်နှာဝှက်သွားတယ်
ငါ အချိန်ယန္တရားမသုံးဘဲ အတိတ်ကို ခရီးသွားတယ်
“ မောင် ” တဲ့     
တစ်ခါက အခေါ်အဝေါ် တစ်လုံး
အဲဒီ စကားလုံးမှာ သူမ အချစ်တွေ တန်ဆာဆင်ထားတယ်
ငါ ပစ္စုပ္ပန် ထဲက ပြေးခုန်ပြီး ထွက်လိုက်တယ်
ငါ့ ဒိုင်ယာရီ ကို ပြန်လှန်ဖတ်လိုက်တယ်
နင် ငါ့ကို ပန်းသီး အပုပ် တစ်လုံး ကျွေးသွားတယ်
“ . . . . . . ”
မျက်လုံးတွေ ရုတ်တရက် ပွင့်လာတယ်
နဖူးမှာ ချွေးစ တွေ နဲ့ 
နှလုံးသားမှာ နင့်ခြေရာတွေ ထင်ခဲ့တယ်
ငါ ခပ်တိုးတိုး ညည်းလိုက်တယ်
“ အို … အိပ်မက် အပိုဒ်ခွဲ (၆) ”  ၊၊            ၊၊

အိပ်မက်အပိုဒ်ခွဲ (၇)

ငါ့ကို ဗီးနပ်စ် က တောင်ပံ တစ်စုံ ငှားခဲ့တယ်
အဲဒီ တောင်ပံ ကို တပ်ပြီး
ငါ နင့်ရင်ထဲ ပျံသန်းကြည့်တယ်
အို . . . စင်စစ် အိုအေစစ် တစ်ခု ဆိတ်ငြိမ်ရာ အရပ်
နောက်ပြီး . . 
င့ါအတွက် ချစ်ခြင်းတွေ
ငါ့အတွက် ကဗျာတွေ
ငါ့အတွက် သီချင်းတွေ
ငါ့အတွက် . . .
ငါ့အတွက် . . .
ငါ့အတွက် . . .
ငါ့ မျက်လုံးတွေ မှိတ် ပြီး
ငါ့ ရင်ထဲ ငါ ပျံသန်းကြည့်တယ်
ပူလောင်တယ် . .  ဧကန် ငရဲ တစ်ခု
သူမ အတွက် မီးတောက်တွေ
သူမ အတွက် ၀မ်းနည်းခြင်းတွေ
သူမ အတွက် မျက်ရည်စက်တွေ
ငါ . . .  ငါ . . .  အသက်ရှုတွေ ကြပ်လာတယ်
တောင်ပံကို လဲ ဗီးနပ်စ် ကို ပြန်ပေးအပ်ခဲ့ပြီးပြီ
အိပ်မက်တွေ ပျံသန်းရာက ပြုတ်ကျလာတယ်
ဟုတ်တယ် . .  အမှန်ပဲ ပြုတ်ကျလာတယ်
ဒဏ်ရာတွေနဲ့  ၊၊                  ၊၊

အိပ်မက်အပိုဒ်ခွဲ (၈)

ငါ အတိတ်ကို တံခါး ခေါက်လိုက်တယ်
သူတို့ ငါ့ကို နှင်လွတ်ကြတယ်
ငါ ပစ္စုပ္ပန် မှာ ချွေးသိပ်တယ်
သူတို့ ငါ့ကို ငိုကြွေးစေပြန်တယ်
ထပ်ပြီး ငါ အနာဂါတ် ကို ခြေဆန့် တယ်
သူတို့ ငါ့ကို ရယ်မောကြပြန်တယ်
ငါ သတိကို စွဲကပ်လိုက်တယ်
တကယ်တမ်းတော့ ငါဟာ
ကမ္ဘာ့အနက်ရှိုင်းဆုံးတွင်းနက်ကြီး (Black Hole)
ထဲမှာ ပိတ်မိနေခဲ့တာ
မွန်းကြပ်တယ် 
ပြောချင်နေတဲ့ စကားလုံးတွေ က
ရင်ခုန်သံတွေကို တတိတိ နဲ့ ရပ်တန်းစေတယ်
ငါ့စကားသံတွေ အဲဒီ တွင်းနက်ထဲမှာ ပဲ့ တင် ထပ် နေ တယ်
(ဘယ်သူမှ မကြားမှန်းသိပေမဲ့)
ငါ နင့် ကို တကယ် ချစ်ခဲ့တာ
ငါ နင့်ကို တကယ်ချစ်ခဲ့တာ
ငါနင့်ကို တကယ် ချစ်ခဲ့တာ
ငါ နင့်ကို
ငါ . . . . . . . . ၊၊               ၊၊
       
စင်စစ် အိပ်မက်

ပစ္စုပ္ပန် မြှားချက်တွေ
အနာဂါတ်ကို ဦးတည်နေကြတယ်
လူတွေလဲ လိုက်ပါ ပြေးနေကြပြီ
အရိပ်တွေလဲ ပြန်ထင်လာပြီ
အရင်လိုပဲ ကင်းတဲ တွေဆီက
အချက်ပေး ခေါင်းလောင်းသံတွေ ပြန်မြည်လာပြီ
နာရီတွေလဲ အရှေ့ ဘက်ကို ဦးတည်နေပြီ
လူတစ်ယောက်တော့ ရှိတယ်
သူဟာ နှလုံးသား မဲ့ ရင်ခွင် အခွံ ကြီးကို ထမ်းပြီး
အဲဒီ လားရာ တွေနဲ့ ဆန့် ကျင်
အတိတ်ဆီကို တရွေ့ ရွေ့ လျှောက်နေတယ်
သူဟာ ကဗျာတွေကို သူ့ မျက်ရည်တွေ ရောင်းတယ်
သူ့ ကမ္ဘာမှာ သူဟာ အိပ်မက်မျှားသူ အကြောင်း ကဗျာရေးတယ်
“ မျက်ရည် တစ်စက်ကျသွားတယ် ”
ပရိသတ် လက်ခုပ်သံ တွေ တိတ်သွားတယ်
မီးတွေ မှောင်သွားတယ်
နာရီတွေ ရပ်သွားတယ်
သူ့ အတွက် အရာရာဟာ အရင်အတိုင်း  . . .
အစ က ပြန် “သေ” သွားကြတယ် ၊၊             ၊၊

လမင်းဇော်
[email protected]

In: ကဗျာ Posted By: Date: Nov 16, 2011
Comment #1

ငါ အတိတ်ကို တံခါး ခေါက်လိုက်တယ်
သူတို့ ငါ့ကို နှင်လွတ်ကြတယ်
ငါ ပစ္စုပ္ပန် မှာ ချွေးသိပ်တယ်
သူတို့ ငါ့ကို ငိုကြွေးစေပြန်တယ်
ထပ်ပြီး ငါ အနာဂါတ် ကို ခြေဆန့် တယ်
သူတို့ ငါ့ကို ရယ်မောကြပြန်တယ်
ငါ သတိကို စွဲကပ်လိုက်တယ်
လုလင် အားပေးသွားသည်

Comment #2

ငါ့ မျက်လုံးတွေ မှိတ် ပြီး
ငါ့ ရင်ထဲ ငါ ပျံသန်းကြည့်တယ်
ပူလောင်တယ် . . ဧကန် ငရဲ တစ်ခု
သူမ အတွက် မီးတောက်တွေ
သူမ အတွက် ၀မ်းနည်းခြင်းတွေ
သူမ အတွက် မျက်ရည်စက်တွေ
ငါ . . . ငါ . . . အသက်ရှုတွေ ကြပ်လာတယ်
တောင်ပံကို လဲ ဗီးနပ်စ် ကို ပြန်ပေးအပ်ခဲ့ပြီးပြီ
အိပ်မက်တွေ ပျံသန်းရာက ပြုတ်ကျလာတယ်
ဟုတ်တယ် . . အမှန်ပဲ ပြုတ်ကျလာတယ်
ဒဏ်ရာတွေနဲ့  ၊ကောင်းတယ်ဗျာ…

commentinfo By: sharon myorr myor at Nov 16, 2011
Comment #3

သူဟာ နှလုံးသား မဲ့ ရင်ခွင် အခွံ ကြီးကို ထမ်းပြီး
အဲဒီ လားရာ တွေနဲ့ ဆန့် ကျင်
အတိတ်ဆီကို တရွေ့ ရွေ့ လျှောက်နေတယ်
သူဟာ ကဗျာတွေကို သူ့ မျက်ရည်တွေ ရောင်းတယ်
သူ့ ကမ္ဘာမှာ သူဟာ အိပ်မက်မျှားသူ အကြောင်း ကဗျာရေးတယ်
“ မျက်ရည် တစ်စက်ကျသွားတယ် ”
ပရိသတ် လက်ခုပ်သံ တွေ တိတ်သွားတယ်
မီးတွေ မှောင်သွားတယ်
နာရီတွေ ရပ်သွားတယ်
သူ့ အတွက် အရာရာဟာ အရင်အတိုင်း . . .
အစ က ပြန် “သေ” သွားကြတယ် ၊၊ ၊၊
နှစ်သက်အားပေးလျှက်ပါ

commentinfo By: အသဲကွဲမိုး at Nov 16, 2011
Comment #4

စကားလုံးအသစ်အဆန်းတွေအများကြီးဘဲဗျ
ကောင်းပါတယ်
အားပေးသွားကြောင်းပါ ~~

commentinfo By: X - ray at Nov 19, 2011
Comment #5

အားပေးသွားတဲ့ ကိုလုလင်ငယ်သွေး ၊ sharon myorr myor ၊ မအသဲကွဲမိုး နှင့် X-ray တို့ ကို နှစ်နှစ်ကာကာ ကျေးဇူးတင်ပါတယ် ၊၊

commentinfo By: လမင်းဇော် at Nov 20, 2011
Comment #6

တော်တော်လေးကိုကောင်းတယ်…ဗျာ
ရေးပုံလေးလည်းနည်းနည်းကွဲသွားသလိုပဲ..
ကြိုက်တယ်……
နောက်ကဗျာတွေစောင့်နေတယ်…လမင်းဇော်ရေ…

commentinfo By: terry at Dec 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment