Professional Authors

အချစ်အကြောင်းသိကောင်းစရာ

ရေးချ ရေးချ ရေးချ …ာာာ …

စိတ်ထဲရှိတာ မှန်သမျှ ရေးချ …

လ ရေးချ လာ ကောင်မလေးရေ …

ရင် နငယ်ရေးချ နာနာ နဲ့ ပြောလိုက်မယ် …

“ငါ့ရင်ထဲ မ ရေးချ မှာ နင် လုံးလုံးလျားလျားမရှိတော့ဘူး … “

 

နင့်နာမည်ကို ရေးချ —–ာ … ကဗျာာာာာ …..

နင့်အကြောင်းကို ရေးချ —–ာ … အကြောင်းအရာ …

နင့်အကျင့်ကို ရေးချ —-ာ ရင်နငယ်ရေးချနာစရာ …

 

လမ်းတွေ့ရင် ခပ်တည်တည်ကျောခိုင်းကြေး …

ကိုယ့်ကတိကိုမှ မတည်နိုင်တာ မျက်နှာချင်းဆိုင် ဝေးကြတာကမှ လှပသေး ….

 

ပါးလျသွယ်လျောင်းတဲ့ မင်းနှုတ်ခမ်းတွေကို နမ်းလို့အပြီးမှာ

ငါ့လက်ထဲ မုသားတွေ ကျန်ခဲ့တယ် …

လွင့်ပစ်ရမှာလည်း ဘ၀နဲ့ရင်းခဲ့တဲ့ ရလဒ် …

စားသုံးဖို့ကလည်း အဆိပ်သီးများ …

ချစ်တစ်ဝက် မုန်းတစ်ဝက်နဲ့ နင့်ကိုငါ ကျောခိုင်းလိုက်ပါတယ် …

နင် နဲ့ ငါ ဝေးသွားကြတာ မဟုတ်ဘူး … ကျောခိုင်းသွားကြတာ …

 

မျက်နှာချင်းဆိုင်လမ်းခွဲက တဖြည်းဖြည်းပီပြင်လာခဲ့ …

ငါတို့ နောက်ကျောနှစ်ခုကြားမှာ မြေစာပင်ကတိက၀တ်လေးတွေ ရှိနေသေးလေရဲ့ …

 

လျံနိုး

၁၂း၃၃ နေ့လည်(ဖိလစ်ပိုင်စံတော်ချိန်)

In: ကဗျာ Posted By: Date: Oct 17, 2011
Comment #1

ပါးလျသွယ်လျောင်းတဲ့ မင်းနှုတ်ခမ်းတွေကို နမ်းလို့အပြီးမှာ

ငါ့လက်ထဲ မုသားတွေ ကျန်ခဲ့တယ် …

လွင့်ပစ်ရမှာလည်း ဘ၀နဲ့ရင်းခဲ့တဲ့ ရလဒ် …

စားသုံးဖို့ကလည်း အဆိပ်သီးများ …

ချစ်တစ်ဝက် မုန်းတစ်ဝက်နဲ့ နင့်ကိုငါ ကျောခိုင်းလိုက်ပါတယ် …xo good !

commentinfo By: sharon myorr myor at Oct 21, 2011
Comment #2

လျံနိုးရေ

လမ်းတွေ့ရင် ခပ်တည်တည်ကျောခိုင်းကြေး …

ကိုယ့်ကတိကိုမှ မတည်နိုင်တာ မျက်နှာချင်းဆိုင် ဝေးကြတာကမှ လှပသေး ….

အရမ်းသဘောကျတဲ့ အသုံးနှုန်းလေး ပါ ……..

commentinfo By: linlinn at Jan 9, 2012
Comment #3

right,,,
right,,,
really excellenttttttttt.
i totally agree with u.
1.broke promise is really disappointed.
2.cheating is really out of mind.
3.lying is really make me suffer.

commentinfo By: ei lay at Jan 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment