Professional Authors

အခါလွန်နောင်တ

 

အခါလွန်နောင်တတဲ့လား

ဆေးခါးခါးတစ်ခွက်သောက်ရသလိုပဲ

ခါးသက်မှုတွေ အန်ကျလာတယ်

ပြန်လှည့်လာလို့  မရတဲ့လမ်းမှ ငါရောက်နေမိတယ်

ဒါကကော အခါလွန်မိုးလို အငြိုးတကြီးနဲ့

မျက်ရည်မိုးတွေ သွန်းဖြိုးစေဦးမှာတဲ့လား

 

ဘာဆိုဘာကိုမှ နားမလည်ခဲ့ပဲ

နားလည်သွားပါတယ်ဆိုတဲ့ လူတတ်ကြီးဟန်နဲ့

အနစ်နာခံသလို ထွက်သွားမိတဲ့ငါပေါ့

ခုတော့ ကိုယ့်နောင်တနဲ့  ကိုယ် ကြိုးတွေအထပ်ထပ်တုပ်မိနေတာ

ကိုယ့်ဒုက္ခကိုယ်ရှာတဲ့လူရဲ့  ရင်မှာလဲ

သေရာပါအောင်မလွမ်းလောက်ဘူး နင်ထင်နေမလား

 

အရာအားလုံးနင့်အမှား

နင်ပဲသစ္စာဖောက်တယ်ဆိုပြီး အထပ်ထပ်စွပ်စွဲ

ငါလေ….

မာနတွေနဲ့  ကွယ်နေတဲ့ အမှန်တရား

ခုမှ လင်းထင်းလာတယ်

ငါ့မျက်လုံးတွေကျိန်းစပ်နေအောင်ကို နင်မှန်နေခဲ့ပါတယ်

ကိုယ့်မျက်လုံးကိုယ်တောင် မဖွင့်ရဲတဲ့အဖြစ်

ငါ့သစ္စာတရားနဲ့ ငါ ခပ်နာနာရှက်မိတယ်

 

တစ်ခါကစကားတွေ လေထဲတိုက်အိမ်ဆောက်တယ်ပေါ့

အဲဒါနင်မဟုတ်ခဲ့ဘူး

ငါကိုယ်တိုင်က လွဲမှားစွာနဲ့  အသံကောင်းဟစ်

နင့်ကိုမချစ်ချင်ယောင်ဆောင်ပြီး

နင့်ကိုစွန့် ပစ်သယောင်နေခဲ့မိတာ

ခုမှ…. ခုမှ…..

ငါဘာမှမတတ်နိုင်တော့ဘူး

ဒီအတွက် နင့်ကိုလဲ ဘာမှမတောင်းဆိုတော့ဘူး

 

တောင်းပန်ဖို့  စွန့် အနေခဲ့တာ

သူရဲဘောကြောင်တဲ့ ငါပါကွာ

နင်ထားခဲ့တာ တန်ပါတယ်

ငါ့မာနက ငါ့ကိုသတ်တယ်

ရက်စက်လိုက်တာဟာလို့

ငါ့ကိုယ်ငါ အထပ်ထပ်ပြောတယ်

ပြီးတော့….

မမုန်းရက်နိုင်ပဲ ခပ်တိုးတိုးရှိုက်တယ်

ပြီးတော့….

ငါ့အပြစ်တွေနဲ့  ငါမောဟိုက်လာတယ်

 

ခုမှ….ခုမှ….

အရာအားလုံးကို အထပ်ထပ်ပြန်လိုချင်မိနေတယ်

နင်နဲ့  ငါ့ရဲ့ အတိတ်တွေက ငါ့ကိုလာလာကစားတယ်

မရှိတော့ဘူးဆိုတဲ့ နင့်ရဲ့ အရိပ်ကိုက

ငါ့အနားမှာ တစ္ဆေတစ်ကောင်လို ခြောက်လှန့်နေတယ်

အမှန်တရားကို လက်ဝါးနဲ့  ကာထားမိပေမဲ့

မကြည့်လဲ မြင်နေတယ်

မသိလဲ နားလည်နေတယ်

အဲဒါ အခါလွန်နောင်တတဲ့လား

ဆေးခါးခါးတစ်ခွက်သောက်ရသလိုပဲ

ခါးသက်မှုတွေ အန်ကျလာတယ်

 

ကြက်ခြေခတ်X

10:15pm Sunday april 03 2011

 

 

 

 

 

In: ကဗျာ Posted By: Date: Oct 6, 2011
Comment #1

good.,

commentinfo By: May Kha at Oct 6, 2011
Comment #2

ငါလေ….
မာနတွေနဲ့ ကွယ်နေတဲ့ အမှန်တရား
ခုမှ လင်းထင်းလာတယ်
ငါ့မျက်လုံးတွေကျိန်းစပ်နေအောင်ကို နင်မှန်နေခဲ့ပါတယ်
ကိုယ့်မျက်လုံးကိုယ်တောင် မဖွင့်ရဲတဲ့အဖြစ်
ငါ့သစ္စာတရားနဲ့ ငါ ခပ်နာနာရှက်မိတယ်

နင်ထားခဲ့တာ တန်ပါတယ်
ငါ့မာနက ငါ့ကိုသတ်တယ်
ရက်စက်လိုက်တာဟာလို့
ငါ့ကိုယ်ငါ အထပ်ထပ်ပြောတယ်
ပြီးတော့….
မမုန်းရက်နိုင်ပဲ ခပ်တိုးတိုးရှိုက်တယ်
ပြီးတော့….
ငါ့အပြစ်တွေနဲ့ ငါမောဟိုက်လာတယ်

ကေ….ဒီကဗျာကို အရမ်းကြိုက်တယ်ဗျာ….
နောင်တ ဆိုတာ တော်တော် ဆိုးတဲ့အရာပါ
ကိုယ်တိုင်လည်း ခံစားခဲ့ရဖူးတယ်…။
ဖြစ်စဉ်တွေ တစ်ထပ်တည်းကျတဲ့ ကဗျာလေးပဲ
အားပေးသွားတယ်ဗျာ….ဒီလိုကဗျာလေးရေးပေးတဲ့အတွက် ကျေးဇူးလည်းတင်တယ်…။

commentinfo By: ကေသရီ at Oct 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment