Professional Authors

ဘ၀ဆိုတာ ၃/ ၂၀၀၈

‘သေရင်ပြီးပြီ ‘

ဒီစကားဘယ်သူပြောခဲ့သလဲ

နပိုလီယံလို လူပိန်လူညှက်ကလေးက
ကမ္ဘာကိုအရက် နဲ့ တစ်ဝှက်စိမ်သောက်ခဲ့သေးတာပဲ..။

ဟစ်တလာ လို ကောင်ငယ်ကလေးကရော
သူ့ ဘ၀ အတွက် ဂျူးတွေကို သတ်ခဲ့သလား။
သူတို့ နာမည်အတွက် သူတို့သမိုင်းကို သူတို့ရေးခဲ့သလား.။

ဗိုလ်ချုပ်ကတော့ အများဘ၀ အတွက်
သူ့သမိုင်းကိုပေးဆပ်ခြင်းတွေ သွေးစွန်းတဲ့ စာရွက်နဲ့ ရေးခဲ့တယ်။

ယနေ့ဘ၀ ဆိုတာ နောင်သမိုင်းပါပဲ..။

သေချာတာကတော့
မိသားစု သမိုင်းလှဖို့ကျွန်တော့် ဘ၀ ယခုထိ
မစတေးခဲ့ဘူးသေး.။

ကျွန်တော်က ဘ၀မှာ အမှားခပ်များများကလွဲလို့
ဘာမှမပိုင်ခဲ့တဲ့ကောင်။

အငွေ့

In: ကဗျာ Posted By: Date: May 15, 2010
Comment #1

သေချာတာကတော့
မိသားစု သမိုင်းလှဖို့ကျွန်တော့် ဘ၀ ယခုထိ
မစတေးခဲ့ဘူးသေး.။

commentinfo By: MyoZin at Jul 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment