Professional Authors

အသည်းကွဲအလင်္ကာ

နင်ပြောခဲ့ဖူးတယ်နော်
ငါအရမ်းလှတယ်လို့ ……………
အဲဒီအလှအပတွေက
အခုနင့်အတွက်မဖြစ်နိုင်တော့ဘူးလား…..။

ချိုသာလိုက်တာလို့ 
နင်ပြောခဲ့တဲ့
ငါရဲ့စကားသံလေးကလည်း
အခုနင့်အတွက်
မသာယာတော့ဘူးလား………။

ရင်ခုန်သံတစ်ပိုင်းတစ်စနဲ့ 
စခဲ့တဲ့ချစ်ခြင်းတစ်ခုက
လေထဲမှာလွင့်သွားတဲ့အချိန်မှာ
ငါသိလိုက်တာတစ်ခုက
နင်ငါ့အနားမှာမရှိနိုင်တော့တာကိုပါ….။

ထားရစ်ခဲ့လို့လည်း
ရက်စက်တယ်လို့ 
မထင်ပါဘူး………….။
ဝေးသွားလို့လည်း
ခွဲခွာသွားရက်တယ်လို့ မထင်ပါဘူး…….။
အသည်းကွဲခဲ့ရလို့လည်း
နင်ငါ့ကိုမချစ်ခဲ့ဖူးလို့ 
ငါမထင်ခဲ့ပါဘူး………….။

In: ကဗျာ Posted By: Date: Sep 9, 2011
Comment #1

ကဗျာရော ခေါင်းစဉ်ပါ မိုက်တယ်။

Comment #2

အားပေး နေပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment