Professional Authors

နတ်သမီးထောင်ချောက်

သံစဉ်တွေများခဲ့ပေမယ့်
မကြားခဲ့တာတော့သေချာတယ်..၊
မရေရာတဲ့ လက်စွဲဆောင်ပုဒ်တစ်ခုကို
သူမ ထုဆစ်နေတာ အတော်ကြာပြီလေ..၊
အရေအတွက်မရှိတဲ့ သတ်မှတ်ချက်မှာ
အရှက်နဲ့ သိက္ခာ ဆိုတာ အလကားပဲ…။

စိတ်ရှည်ရှည်နဲ့ မျှော်လင့်နေလို့တော့
တစ်ထောင့်တစ်ည မလုပ်လိုက်ပါနဲ့…၊
လက်ချိုးရေတတ်တဲ့ အကျင့်ဆိုးတွေကို
အရိုးစွဲအောင် မင်းလေ့ကျင့်ပေးခဲ့တာပဲလေ..၊
ဆန္ဒတွေရှိရဲ့သားနဲ့ ဖိထားတာကိုခံခဲ့တယ်
တန်ပြန်မှုတွေမပြုသေးတာက
အဝေးဆုံးဆိုတာကိုပိုကြောက်လို့ပေါ့..။

မင်းအတွက် အမြဲအဆင်သင့်ဆိုတာတောင်မှ
အချစ်ဆုံးဆိုတဲ့ စကားလုံးက
လက်သီးတစ်လုံးဖြစ်ခဲ့ရတယ်…၊
နင့်အကြင်နာမျက်လုံးတွေကိုလည်း
ဗုံးတစ်လုံး မဖြစ်ပါစေနဲ့တော့..။     ။

 

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Sep 2, 2011
Comment #1

မင်းအတွက် အမြဲအဆင်သင့်ဆိုတာတောင်မှ
အချစ်ဆုံးဆိုတဲ့ စကားလုံးက
လက်သီးတစ်လုံးဖြစ်ခဲ့ရတယ်…၊
နင့်အကြင်နာမျက်လုံးတွေကိုလည်း
ဗုံးတစ်လုံး မဖြစ်ပါစေနဲ့တော့..။ ။ လူဆိုးအားပေးသွားတယ်နော်အကို … 😛

commentinfo By: chityellusoelay at Sep 2, 2011
Comment #2

really nice.

kyin nar nay tar tway nar kyin aung ma loak par ne…
taung so tar par.
sa da tway shi ye tar ne pi htar tar ko.
tan pyan hmu tway ma pyu tay tar ka ma mei naing tay loh.

commentinfo By: ei lay at Sep 2, 2011
Comment #3

တုံ့ပြန်မှုဆိုတာ မရှိရင်တော့ တန်ပြန်မှုဆိုတာ ဖြစ်လာနိုင်ပါမလား……………………………

Comment #4

အားပေးသွားတရ်မောင်လေးရေ

commentinfo By: sandi at Nov 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment