Professional Authors

ည ……. ရူး ခြင်း

မျက်စိတမှတ်ပါပဲ ။
ညက လျှပ်ပြက်ပြရလောက်အောင်
တိမ် မထူခဲ့ဘူး ။

မောကြီးပန်းကြီး ထိုင်ပြီး လွမ်း
အိပ်ရေးပျက်နေတဲ့ ည က
ပုံမကျ ပန်းမကျ လှတယ် ။

ကောင်းကင်ကို ဘယ်သူ ပြန်ချုပ်ပေးမလဲ ။
ညက မိုးအတုတွေ ရွာသွားတယ် ။
အခုထက်ထိ ငိုလို့ မ၀သေးဘူး ။
ထိုင်ခုံမှာပဲ ထိုင်နေကြပါ ။
လက်ခုပ်မတီးကြပါနဲ့ ။
အခုထက်ထိကို အလွမ်းခန်းက မပြီးနိုင်သေးဘူး ။

ည ကို ထမ်း ထား ရ တာ လေး တယ် ။
ငါ့ စိတ် ငါ ပြန် ထမ်း ထား ရ တာ
ပို လေး တယ် ။

အတိတ် နဲ့ နိမိတ်ကြား
ခြေလှမ်းတွေ မှား နေတဲ့ ကောင်က
ည အိပ်ရာဝင်တိုင်း
ဦးနှောက်တွေ ဖုန် တက် တယ် ။

ည က ခရမ်းရောက် သမ်းပြီး ယဉ်ယဉ်လေး ရူးနေ ။
စက္ကူစုတ် ဖြစ်လိုဖြစ် ၊ ပြာ ဖြစ်လိုဖြစ် ၊
ဖြစ် ချင် ရာ ဖြစ် ။
နေ လို့ ထိုင် လို့ မ ကောင်း ဘူး ။
ည က လှောင်ပြုံးပြုံးပြီး ယဉ်ယဉ်လေး ရူးနေ ။

ညီစိမ်း

In: ကဗျာ Posted By: Date: May 10, 2010  
Comment #1

မိုက်တယ်ဗျာ။ ဒီစာသားလေးကြိုက်တယ်

ည ကို ထမ်း ထား ရ တာ လေး တယ် ။
ငါ့ စိတ် ငါ ပြန် ထမ်း ထား ရ တာ
ပို လေး တယ် ။

commentinfo By: Thet Twe at May 10, 2010
Comment #2

🙂

commentinfo By: Zippy at May 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment