Professional Authors

မှားယွင်းတဲ့ ဆန္ဒများနှင့် ထိတွေ့ခြင်း

မုန်းနိုင်တဲ့ သင်္ကေတ တွေကိုဖန်တီး
ခလုတ်ဖွင့်မှ မီးလင်းသလိုမျိုးပေါ့..၊
ကောင်းကင်ဟာ သူဖာသာပြာနေတာ
မင်းဝါသနာနဲ့ ဘာမှမဆိုင်ဘူး..။

သေနတ်ကို မောင်းချိန်လိုက်တိုင်း
ပစ်မှတ်ကို မထိနိုင်ခြင်းက
ညံ့ဖျင်းတဲ့ လေတိုက်နှုန်းကြောင့်တဲ့..၊
မကြည့်ဘဲပစ်လို့ ထိမယ်ဆိုရင်
ဖွင်မပြောဘဲ ချစ်ကြည့်ရအောင်….။

နောက်ကျောဘက်ကို ဓားနဲ့ထိုး
နတ်ဆိုးတွေရဲ့ ကျိန်စာကိုလည်းမမှုဘူး..၊
ဒီကမ္ဘာမှာ အချစ်နဲ့ပက်သက်လာရင်
ငါကိုယှဉ်နိုင်သူ မရှိစေရဘူး…။

နာရီလက်တံတွေကို
ပြောင်းပြန်လည်ချင်ရင်လွယ်တယ်..။
လ က ကမ္ဘာကို ပတ်သလိုတော့
နေ က ကမ္ဘာကို မပတ်လောက်ပါဘူး…၊
အမှန်တရားရဲ့ တစ်ဖက်မှာ
သဘာဝတရားတွေ ကျန်နေသေးတယ်….။

ရှားမီးခဲပေါ်တင်
ရင်ခွဲပြီး မီးကင်မယ်ဆိုတောင်
နဂို ဆန္ဒက လက်ခံမိမှာပါ…။
ချန်ထားခဲ့တာလည်း သိတယ်..၊
ခံစားရမှာလည်း သိတယ်..၊
ပြန်တားလို့မရတဲ့ ငါ့ဆုံးဖြတ်ချက်က
ငါ့ကိုအလဲထို ထွက်ခွါသွားခဲ့ပြီ…။
(မျက်နှာများတဲ့ ချစ်သူကိုမှ
မေတ္တာတွေများခဲ့လွန်းလို့ပါ…..)

 

ဇော်သက်ဦး
In: ကဗျာ Posted By: Date: Jul 28, 2011
Comment #1

ချန်ထားခဲ့တာလည်း သိတယ်..၊
ခံစားရမှာလည်း သိတယ်..၊
ပြန်တားလို့မရတဲ့ ငါ့ဆုံးဖြတ်ချက်က
ငါ့ကိုအလဲထို ထွက်ခွါသွားခဲ့ပြီ…။ ( အကုန်သိနေသော်လဲလူဆိုတဲ့သဘောကိုက
မီးပုံတိုးချင်တယ်)

commentinfo By: May Kha at Jul 28, 2011
Comment #2

(လူဆိုတဲ့သဘောကိုက
မီးပုံတိုးချင်တယ်)မှန်သောစကားတွေသာ ဖြစ်ပါသည်…။ကျေးဇူးတင်ပါသည်…။

Comment #3

သိပ်ကောင်းတယ်ဗျာ

commentinfo By: HEROSMITH at Jul 28, 2011
Comment #4

ကျေးဇူးအထူးပါ…..။

Comment #5

စာသားလေးတွေ လှတရ်နော်… ဖတ်လို့အရမ်းကောင်းပါတရ်..
အားပေးခဲ့တရ်..

commentinfo By: sandi at Aug 1, 2011
Comment #6

ကျေးဇူးပါပဲ အစ်မ…..။

Comment #7

ဟုတ်လှချည်လား….။

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #8

nice poem.

myat hnar myar de so tar….
yee sar tway a myar g htar tar lar?
ta yout p ta you twe p tar ko pyaw tar lar?
ma ti loh mae kyi tar naw.

commentinfo By: ei lay at Aug 19, 2011
Comment #9

(သေနတ်ကို မောင်းချိန်လိုက်တိုင်း
ပစ်မှတ်ကို မထိနိုင်ခြင်းက
ညံ့ဖျင်းတဲ့ လေတိုက်နှုန်းကြောင့်တဲ့..၊
မကြည့်ဘဲပစ်လို့ ထိမယ်ဆိုရင်
ဖွင်မပြောဘဲ ချစ်ကြည့်ရအောင်….။)
မောင်းချိန်လိုက်တိုင်း ပစ်မှတ်ကိုမထိခြင်းက ညံ့ဖျင်းတဲ့ လေတိုက်နှုန်းကြောင့်မဟုတ်ဘူး….. ညံ့ဖျင်းတဲ့ မိမိကိုယ်တိုင်ကြောင့်ပဲ…. ပစ်ချင်တဲ့ပစ်မှတ်ကိုထိဖိုက မိမိရဲ့ကျွမ်းကျင်မှုနဲ့ လိမ်မာပါးနပ်မှုပဲ……(ဥပမာ… သားကောင်တစ်ကောင်ကိုလိုက်မယ်ဆိုပါဆို……. ဒီသားကောင်ရဲ့ သဘောသဘာဝကို နားလည်အောင်လုပ်ရ မယ်….. ပြီးတော့ ပစ်ခတ်မှုအတွက် ကိုယ်တိုင်ကျွမ်းကျင်ရမယ်…. ပတ်ဝန်းကျင် အနေအထား ….. ပြီးတော့ အချိန်..အကွာအဝေး… လေတိုက်နှုန်း …. နေရာယူတတ်မှု ….. မိမိပစ်ခတ်မှုအတွက်သုံးမယ့် လက်နက်ထိရောက်မှု ….. ကျည်ဆန်ရဲ့သွားနှုန်း …… ပြောမယ်ဆိုရင်တော့ အများကြီးပေါ့….. အဲဒါတွေကို သိမှ … နားလည်မှ …. ကျွမ်းကျင်ပိုင်နိုင်မှ သားကောင်ကို ရတော့မှပေါ့….
မကြည့်ပဲပစ်ရင်ထိနိုင်ပေမယ့်……. ဖွင့်မပြောပဲ ချစ်ကြည့်မယ်ဆိုရင်တော့ ……… အမြဲတမ်းဝေးနေအုံးမှာပဲ…… ကိုယ်လိုချင်လွန်းလှတဲ့ သားကောင်ကတော့ ကိုယ့်သေနတ်ပြောင်းရှေ့မှာဘယ်တော့မှ ရပ်မပေးဘူး…..
(ကဗျာလေးကိုအားပေးသွားပါတယ်….. နောက်ထပ်ကဗျာတွေလည်း ခံစားကြည့်ချင်ပါသေးတယ်….) ခုလည်း အားပေးတယ်…. နောက်လည်း အားပေးနေမယ်…..)

commentinfo By: kokolatt at Jan 12, 2012
Comment #10

ကျွန်တော် သဘောတူပါတယ်ဗျာ…။
ဒါပေမယ့် ကျွန်တော်ရေးသားတဲ့ ရသစာပေတစ်ခုဖြစ်တဲ့ကျွန်တော့်ကဗျာကို
ကဗျာလိုပဲခံစားပေးစေချင်ပါတယ်…။
(သေနတ်ကို မောင်းချိန်လိုက်တိုင်း
ပစ်မှတ်ကို မထိနိုင်ခြင်းက
ညံ့ဖျင်းတဲ့ လေတိုက်နှုန်းကြောင့်တဲ့..၊
မကြည့်ဘဲပစ်လို့ ထိမယ်ဆိုရင်
ဖွင်မပြောဘဲ ချစ်ကြည့်ရအောင်….။)
တဲ့ ဟုတ်ပါပြီ..၊ အကိုပြောတာကို အရင်ပြောပါ့မယ်..။
အကိုကသားကောင်ကို ပစ်ပြီဆိုပါစို့ဗျာ…၊အကိုပြောသလိုပဲ မိမိရဲ့ကျွမ်းကျင်မှုနဲ့ လိမ်မာပါးနပ်မှု ပဲလိုပါတယ်..။
ကျွန်တော်ရေးထားတာကတော့ရှင်းပါတယ်..၊ ကျွန်တော်က သေနတ်ကိုမောင်းချိန်လိုက်တိုင်းလို့ရေးထားခဲ့တာပါ..၊ ကျွန်တော် ပစ်လိုက်တိုင်းလို့အရင်မရေးထားပါဘူး..၊ ဒါက ကဗျာအရ တင်စားမှုတစ်ခုပါ..၊ ကျွန်တော် ဘာကို တင်စားဥပမာဆိုသလဲဆိုရင်..၊ကျွန်တော်ဘက်ကချစ်တယ်လို့ ယူဆမိရုံနဲ့ နီးစပ်ဖို့မဖြစ်နိုင်ဘူးဆိုတာကို ပြောလိုက်တာပါ…။
နောက်တစ်ကြောင်းပါ ညံ့ဖျင်းတဲ့လေတိုက်နှုန်းဆိုတာကတော့ ၇ှင်းပါတယ်..။ ကျွန်တော့်နှုတ်က ထွတ်လာမယ့် စကားသံလေကို တင်စားထားပါ..၊ တဲခြားမတွေးပါနဲ့..၊ ကျွန်တော်ဟာ သေနတ်သမားမဟုတ်ပါဘူး..၊ ကဗျာရေးသူတစ်ယောက်ပါ…၊ ကျွန်တော့် လက်က သေနတ်မကိုင်ပါဘူး..၊ ကလောင်ပဲကိုင်တာပါ…၊ ကျွန်တော်က လူသေလောက်တဲ့ သေနတ်ကိုထည့်ရေးထားတာမဟုတ်ပါဘူး…၊ ကဗျာအနေနဲ့ ကဗျာထဲက နှုတ်သေနတ်တစ်ခုသာဖြစ်ပါတယ်…။

မကြည့်ဘဲပစ်လို့ ထိမယ်ဆိုရင်
ဖွင်မပြောဘဲ ချစ်ကြည့်ရအောင်….။

ဒီအကြောင်းကတော့ သိသာပါတယ်…။ ကပ်လျက်ယှဉ်ပြထားတာပါ…။
ကျွန်တော် တစ်စုံတစ်ယောက်ကို ဖွင့်မပြောပဲ ချစ်သူဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ကြောင်း တင်စားရေးသားခဲ့ခြင်းသာဖြစ်ပါတယ်…။
ကဗျာ အထူးသဖြင့် ဟော့ဒီကဗျာ…ကျွန်တော့် ကဗျာကို ကဗျာ တစ်ပုဒ်လိုပဲ အဆင့်သတ်မှတ်ခံစားပေးစေလိုပါတယ်…။
ကဗျာရဲ့ လိုအပ်ချက်ကို အကြံပေးတာ ဝေဖန်တာ လက်ခံပါတယ်…။
ကဗျာကို ကဲ့ရဲ့တာ ကဗျာရဲ့ အရသာကို ဖျက်တာတော့ ကျွန်တော် လက်မခံပါဘူး…။
ကျွန်တော့်ကဗျာမှာလိုအပ်တာ၇ှိကောင်း၇ှိမှာပါ…။
ဝေဖန်ပေးနိုင်ပါတယ်….။
(စကားလွန်တာ၇ှိရင် နားလည်ပေးစေလိုပါတယ်ဗျာ…)
ကျေးဇူးတင်လျက်။
အရိပ်ကလေး

commentinfo By: zawthetoo at Oct 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment