Professional Authors

လက်ခနဲ ဖျတ်ခနဲ စိတ်စေတသိက်များ

ငါးပွက်ရာ ငါးစာချလိုက်ပါတယ်
လွတ်သွားတဲ့ အာရုံလေးက ပိုလန်းတယ်ဆိုတာ ယုံ
မီး လာတဲ့အပြင် မီးမီးလည်း လာတယ်ဆိုတော့ ဘာပြောကောင်းမလဲ
တစ်ကြောင်းပြီးတစ်ကြောင်း ဆွဲလိုက်တာ မိုးကိုလင်းရော
ခဲခြစ်sketchများ တစ်ရွက်ပြီးတစ်ရွက်၊တစ်ချပ်ပြီးတစ်ချပ်၊အထပ်လိုက်
ငိုက်ကျလာတဲ့ ပျင်းရိလေးပင်ခြင်းများ ဆွဲဆန့်လိုက်ပါတယ်
🙁 ဒီလိုမနေနဲ့  :)ဒီလိုနေ ရောဂါပဲ
သတင်းကြီးတဲ့ ရွှေမင်းသမီးနဲ့ လိုင်းပေါ် လာဆုံနေပြန်
အမှန်တရားဆိုတာ ဘာညာသာရကာ
အချစ်ဆိုတာ နေကြာကွာစိ
ဗျာ!…
အဲဒီတစ်ယောက်က ကဗျာဆရာတဲ့လား
တရားဟောဓမ္မကထိကလားလို့
အေးလေ နည်းနည်းလေးတော့လွဲနေတယ် လွဲလွဲလေးလည်းကောင်းပါတယ်
စိတ်ကျေနပ်ရင်ပြီးတာပဲ
ကိုငှက်ကြီးသီချင်းလို။

In: ကဗျာ Posted By: Date: Jun 29, 2011
Comment #1

ကိုတာကော
ငါးပွက်ရာ ငါးစာချလိုက်ပါတယ်
လွတ်သွားတဲ့ အာရုံလေးက ပိုလန်းတယ်ဆိုတာ ယုံ

commentinfo By: poem.poem28 at Jun 29, 2011
Comment #2

အဲဒီတစ်ယောက်က ကဗျာဆရာတဲ့လား
တရားဟောဓမ္မကထိကလားလို့
အေးလေ နည်းနည်းလေးတော့လွဲနေတယ် လွဲလွဲလေးလည်းကောင်းပါတယ်
စိတ်ကျေနပ်ရင်ပြီးတာပဲ
ကိုငှက်ကြီးသီချင်းလို။
I Like this. 🙂

Comment #3

အဲဒီတစ်ယောက်က ကဗျာဆရာတဲ့လား
တရားဟောဓမ္မကထိကလားလို့
အေးလေ နည်းနည်းလေးတော့လွဲနေတယ် လွဲလွဲလေးလည်းကောင်းပါတယ်
စိတ်ကျေနပ်ရင်ပြီးတာပဲ
ကိုငှက်ကြီးသီချင်းလို။

ထူးမှလည်း ရူးမှာလေး… ရူးမှလည်း မြူးမှာလေး… စိတ်ချမ်းသာဖို့ အရေးကြီးတယ်

commentinfo By: Nayihtet at Jun 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment