Professional Authors

အရူးတစ်ယောက် လက်ထဲက ပန်းသီး ( လူမော်ငြိမ်း )

 

ဖယောင်းတိုင်ကို မီးညှိပြီး ခဲတံကို ကိုင်ခဲ့တာ

ချစ်သူ့ရဲ့ နာမည်ကို ပီသအောင် ရေးနိုင်ဖို့ပါ ။

မျှော်နေ လင့်နေတဲ့ အချိန်မှာ ပွင့်တဲ့ ပန်းပေမယ့်

ဝင်ရိုးစွန်း တစ်ဖက်ခြမ်းစီက လူနှစ်ယောက်လို ။

ဝေဒနာကို မြိုချပြီး နှုတ်ဆိတ်နေရတဲ့ ညတွေ

အိမ် အပြန်လမ်းမှာ သေလုအောင် နွမ်းလျနေကျ ။

မမြင်သလို ကြည့်ခဲ့ ၊ မကြားသလို ပြောခဲ့တာ

ချစ်သူရဲ့ ဘဝမှာ ပျော်ရွှင်မှုနဲ့သာ စိမ်းလန်း စေချင်လို့ပါ ။

အလွမ်းတွေ နံရိုးလို အပြိုင်းပြိုင်း ကျနေတဲ့ ကာလ

အမှတ်တရကို အမှတ်တမဲ့ မေ့ပစ် လိုက်ဖို့က မလွယ် ။

အချစ်ကို ဘာသာတရား တစ်ခုလို မကိုးကွယ် ပေမယ့်

ချစ်သူရဲ့ ဘဝကို ငါ့ထက်ပို တန်ဖိုးထားခဲ့ ဖူးပါတယ် ။

 

လူမော်ငြိမ်း

Tuesday , May 31 , 2011

 

In: ကဗျာ Posted By: Date: May 31, 2011
Comment #1

ကိုလူမော် သုံးတဲ့စကားလုံးတွေတကယ်သဘောကျတယ်
အရမ်းကောင်းတဲ့ကဗျာတစ်ပုဒ်ပါ
ခံစားချက်ကိုမြင်လိုက်ရသလိုပဲ..

commentinfo By: ငယ်လေး at May 31, 2011
Comment #2

ဟုတ်ကဲ့ပါ … ငယ်လေး ရေ
အဲဒီလိုပဲ … မြင်စေချင်ပါတယ် ။
ဖတ်ရှုဝေဖန်ပေးတာ ကျေးဇူးပါ ။

Comment #3

ကောင်း၏။

commentinfo By: မိုးသစ်လေပြေ at Jun 1, 2011
Comment #4

Very Good

commentinfo By: Zaw Thet Oo at Jun 1, 2011
Comment #5

အချိန်ပေး ဝေဖန်ဖတ်ရှုမှု အတွက်
ကျေးဇူးတင်ပါတယ် …
ကို မိုးသစ်လေပြေ နဲ့ ကို Zaw Thet Oo ရေ ။

Comment #6

share ခွင့်ပြုပါ

commentinfo By: MK at Jan 23, 2013
Comment #7

share ခွင့်ပြုပါခင်ဗျာ

commentinfo By: MK at Jan 23, 2013
Comment #8

Lots of interest in title.
lots of love in poem.

commentinfo By: ei lay at Jan 23, 2013
Comment #9

ဖယောင်းတိုင်ကို မီးညှိပြီး ခဲတံကို ကိုင်ခဲ့တာ

ချစ်သူ့ရဲ့ နာမည်ကို ပီသအောင် ရေးနိုင်ဖို့ပါ ။

အချစ်ကို ဘာသာတရား တစ်ခုလို မကိုးကွယ် ပေမယ့်

ချစ်သူရဲ့ ဘဝကို ငါ့ထက်ပို တန်ဖိုးထားခဲ့ ဖူးပါတယ် ။

(တကယ့်ကို လေးစားဖွယ် အရေးအသားလေးတွေပါလားဗျာ.. )

commentinfo By: နိုးဆက် နေ့ at Jan 23, 2013
Comment #10

ကြိုက်တယ်ရှင်… ကဗျာလေးက ချစ်စရာလေးနော်

commentinfo By: ရင်ဝှက်ပန်း at Jan 23, 2013
Comment #11

share ခွင့်ပြုပါ…very like

commentinfo By: tabound at Jan 23, 2013
Comment #12

Feel again

commentinfo By: ei lay at Feb 1, 2013
Comment #13

နောက်တစ်ကြိမ်ပြန်ရောက်ပါတယ် လတ်ဆတ်ဆဲ

commentinfo By: n$n at May 6, 2013
Comment #14

ကိုလူမော် သတိရနေတယ်ဗျ
ပျောက်ချက် က 9 ကျော်တယ်ဗျာ
….
..
ကဗျာလေးတွေ လာတင်ပါဦးဗျို့

commentinfo By: အသဲကွဲမိုး at May 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment