Professional Authors

မွေ့ပျော်ခြင်း – မောင်စိန်ဝင်း (ပုတီးကုန်း)

သူ့ကိုတွေး၍
မှေးပျော်ထက်ဝက်၊ အအိပ်ပျက်ည
အိပ်မက်ပါရစေ …………..

သူ့ကိုလွမ်း၍
ကျွမ်းမြည့် နေဆဲ၊
ဖြေလဲမရ
ကြေကွဲပါရစေ ……..

သူ့ကိုချစ်၍
လွမ်းသစ်လောင်မြိုက်၊ အပူတိုက်သမျှ
ယူလိုက်ပါရစေ………..

သူကစွန့်ခွာ
ခွဲဝံ့ချန်ရက်၊ သောကလက်ဆောင်
တစ်သက်နှောင်၍၊ တမြည့်မြည့်ကြွေ
နေ့နေ့တွေမှာ၊ ဝေဒနာသစ်
ခြေရာဖြစ်ရော့ …………………
အပြစ်ဒဏ်ထား၊ အသစ်ခံစားစေ
အပူဝေလျှင် ………..
(ဪသာ် …………) သူကျေနပ်အောင် ……….. ကျွမ်းမြိုက်မည်။

မောင်စိန်ဝင်း (ပုတီးကုန်း)

Comment #1

ဒါမှမေတ္တာစ စ်စ စ်ပါ ……….

commentinfo By: May Kha at Oct 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment