Professional Authors

မိုးပြိုတဲ့ဆောင်း

စားနေကျ အချိုတစ်ခု က

ခါးသက်လာ သလိုမျိုး

သွားနေကျ လမ်းတွေက

တစိမ်းဆန်လာ သလိုမျိုး

ကြည်ပြာရောင် ကောင်းကင်ကြီးက

မုန်းတိုင်းငယ် ဆင်လာ သလိုမျိုး

ဂယောင်ခြောက်ခြားနဲ့

ဟောဒီ …ဒီဇင်ဘာကြီး က မိုးတွေရွာ လို့ ……..

( မတည်ငြိမ် ဖောက်ပြန်တဲ့ သဘော )

 

သူ့မျက်ဝန်း တစ်စုံက

ကိုယ့်မျက်ဝန်း တစ်စုံလို

အမြင်တွေ မတူတဲ့ အခါ

သူ့ လိုအပ်ချက်တွေ ကို

ကိုယ့် စိတ်ဆန္ဒက

မဖြည့်ဆည်း နိုင်တဲ့အခါ

ချစ် ပါတယ် ဆို တဲ့

နှလုံးသား နှစ်ခုက အစိမ်းရောင်တွေ ခပ်လွှမ်းလွှမ်း

( ဒါလည်း ပြောင်းလဲ တတ်တဲ့ နိယာမ တစ်ခုပဲ )

 

သူမ က

အချစ် ကို အချစ် လို့ ပဲ

ရိုးရိုးလေး တွေးတတ်တာ

ပြီးတော့ တာဝန် လို့

ခံယူထားတာ

သူမ နဲ့ သူတွေ ရဲ့ ကြားမှာ

အယူ အဆ တွေ မတူတိုင်း

ပြတ်ဆဲ ရတဲ့

သူမ ရဲ့ နောက်ကြောင်း ရာဇဝင် က

မျက်နှာ များ တယ် ဆိုတဲ့

တံဆိတ် ကလေး ခပ် နှိပ်ထား

( အဲ့ဒီ မျက်နှာများ တဲ့ မိန်းမက စတင် လမ်းခွဲစကား မဆိုခဲ့ဖူးပါဘူး )

 

မရှုပ်ထား လို့

ဘာကို မှ မဖြေရှင်းတတ်ဘူး

အပြစ် လို့ မထင် ခဲ့လို့

အကျဉ်းချ ခံစရာလည်း မလိုဘူး

ဒါ့ကြောင့် ဘဝကို ..

ဒီနေ့ ပြီးရင်

နောက်နေ့ ဘာပြဿနာ လာ မလဲလို့

ပဟေဠိ ဆန်ဆန် စောင့်နေလိုက်တော့ တယ်

( ဆိုင်သူ သိလိမ့်မယ် )



In: ကဗျာ Posted By: Date: Apr 29, 2011
Comment #1

ကွက်တိ..
ကျွန်တော်နှစ်သက်စွာ..အားပေးသွားပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲ မိုး at Apr 8, 2012
Comment #2

me too,
i like ,,
i like,,,
i won’t do mistakes that nothing to explain.

commentinfo By: ei lay at Apr 8, 2012
Comment #3

ကြိုက်လို့ share ခွင့်ပေးပါနော်။

commentinfo By: Poe at Sep 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment