Professional Authors

ကြယ်ကြွေတည

လမင်းကြီးနဲ့ ကြယ်ပွင့်လေး
သိပ်ချစ်ကြတဲ့ချစ်သူတွေ……..

ဖိုးရွှေလရဲ့ ပုခုံးစွန်းက ကြယ်ကလေးရဲ့ခေါင်းအုံးလေးတဲ့….

လမိုက်ညဆို        ချစ်သူကြယ်ရောင် ရှိနေပါမှ
ပြည့်စုံတာတဲ့       ဖိုးရွှေလကပြောခဲ့တယ်

ကြယ်ပွင့်လေးလည်း         လမင်းကြီးအတွက်            အတောက်ပဆုံး    လောင်ကျွမ်းပေးခဲ့တယ်……..

ဒီလိုနဲ့ …………………………ရာသီခွင်တွေရွေ့လျားကြပြီး
လပြည့်တညမှာ  ဖိုးရွှေလက   အချစ်သစ်တခုယူဆောင်လာတယ်…
ရင်ခွင်ထဲမှာရွှေယုန်လေး

ပုခုံးစွန်းက  ကြယ်ပွင့်လေးကို          အာကာသထဲမျောကြည့်ပါတဲ့
ချစ်သူစကား    မုသားစင်ကြယ် တကယ်ထင်ပြီး            စွန့်စားလိုက်တယ်
ဥက္ကာပျံတွေ ကြားထဲမှာ

ချစ်သူလမင်း  တင့်တယ်ရအောင်     အဝေးကနေ အလင်းမှုန်တွေပေးနေဆဲတဲ့

ဖိုးလမင်းရယ်  ကြယ်အလင်းက စူးရှတယ်တဲ့
ရင်ခွင်ကြားက ယုန်မလေးကပူဆာလိုက်တယ်

ချစ်စိတ်တတ်တဲ့ လမင်းကြီးက ကြယ်ကလေးကို ငြိုငြင်ပြီ

ကြယ်ကလေးရဲ့ ဖြေရှင်းချက်က
လမင်းအလှတင့်တယ်ရအောင် ကြယ်ရောင်အလင်းဖြန်းပေးတာတဲ့

ကြယ်ကလေးရဲ့ငိုရှိုက်သံကို  နေမင်းကြီးကကြားသွားတယ်

ကြယ်ကလေးရေ
လမင်းဆိုတာ တခါတုန်းက
နေအလင်းနဲ့ထွန်းလင်းတာတဲ့

ကြယ်ရောင်မှိတ်တုတ်         မြင်ဖန်များတော့
နေအလင်းကပူလွန်းတယ်တဲ့

လမင်းအရိပ်အေးမြစေဖို့
နေမင်းကြီးလည်း  ကမ္ဘာတဖက်ကို   ပြောင်းသွားဖူးတယ်တဲ့

ကြယ်ပွင့်လေးရယ်
ကြယ်ကြွေညကို  ကိုယ်တိုင်ဖန်တိးလိုက်ပါတော့

နေမင်းကြီးရယ်     စောင့်ဆိုင်းပါအုံး
လမိုက်ညကို ကြယ်မှုန်အလင်း   ဖြန်းခွင့်ပေးပါ

လမင်းထိန်ထိန် သာချိန်ရောက်မှ……..အာကာသက ခုန်းဆင်းပါ့မယ်……

ကြယ်ကြွေမြင်ကွင်း             ကမ္ဘာမြေက

ချစ်သူနှစ်ဦး ခံစားပျော်ရွှင်နိုင်ပါစေ…………………..

In: ကဗျာ Posted By: Date: Mar 25, 2011
Comment #1

ကို့ အတွက် အမှတ်တရ….သဲ…..

commentinfo By: thae ko at Mar 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment