Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11611 masterpieces

Total Comments 34810 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

ကြယ်စင်တတင်း သူငယ်ချင်းသို့

နတ်စောင်းသံလား၊ မှတ်ထင်မှားခဲ့၊
စကားသံစဉ်၊ ကြားပြန်လျှင်လည်း၊
နားဝင်လဲချို၊ ရင်လဲဖိုခဲ့၊
မှန်လိုကြည့်ချင်၊ သူ့ရုပ်သွင်ကို၊
မြင်ရလေတိုင်း၊ ရင်မှာလှိုင်းဆင်၊ ‎
သူခိုင်းရင်ပျော်၊ သူကခေါ်ရင်၊
ကြယ်စင်တတင်း၊ ငွေလမင်းနဲ့၊
ဆောင်ကြဉ်းလို့သာ၊ အရောက်လာမယ်၊
သူသာပျော်ရင်၊ ကိုယ်ငိုချင်လည်း၊
ရင်ကိုခွဲကာ၊ အဏ္ဏဝါက၊
ကမာပုံသွင်၊ ပုလဲဆင်မယ်၊
အလွမ်းနယ်တွင်း၊ သူငယ်ချင်းပေါ့၊
ရင်တွင်းမှာတော့၊ ချစ်တေးနော့သီ၊
ကျော့ဆုံးကြားမှာစိုးမိသည်။ ။

အရင်ဆုံး ကဗျာအဟောင်းလေးကို ပြန်တင်လိုက်ပါတယ် …
ဟယ်ရီ

In: ကဗျာ Posted By: Date: May 25, 2009  ,
Comment #1

မိုက်ပါ့ဗျာ..
သဘောကျသွားပြီ.. ဟီးဟီး.. :D

commentinfo By: Kitty Yang at May 26, 2009
Comment #2

ရေးထားတာ ကြာလှပြီရော … ကစ်တီမရဲ့ … အခုဖတ်တယ် … X-(

commentinfo By: harry at May 26, 2009
Comment #3

de poem lay ko ho a yin htae ka kyite tar par …. pyan tin pay loh … kyae zuu tin par tae :D

commentinfo By: thazin at May 27, 2009
Comment #4

poem corner ဆိုတာ ကို ဟယ်ရီကြောင့် ရောက်လာခဲ့တဲ့နေရာ….။
တော်တော်ကြာ မရောက်ဖြစ်တာ ကြာပေါ့…။
ပြန်လည်ရောက်လာတော့… ကဗျာလေးတွေ တင်ရင်း
ပထမဦးဆုံးသော ကဗျာလေးကို မှတ်မှတ်ရရ ပြန်လာဖတ်ပါတယ်…း)

commentinfo By: John Moe Eain at Jun 18, 2010
Comment #5

ကျေးဇူး မိုးအိမ်ရေ …

commentinfo By: harry at Jun 18, 2010
Comment #6

ဒီကဗျာလေးကို အခုမှဖတ်မိတယ်အစ်ကို…။ အရမ်းကြိုက်တယ်…။
ဒီနေ့ ကဗျာရွာကိုလာရကြိုးနပ်သွားပြီဗျာ…။

commentinfo By: နေညို at Aug 19, 2010
Comment #7

ရင်တွင်းမှာတော့၊ချစ်တေးနော့သီ၊
ကျော့ဆုံးကြားမှာစိုးမိသည်။ ။ စာသားလေး တကယ်မိုက်တယ်ဗျာ ၂၀၀၉ က ကဗျာလေးကို ၂၀၁၁ မှဖတ်ဖြစ်ပေမယ့် ဒီကဗျာလေး တကယ်ဖတ်လို့ကောင်းတယ် ။

commentinfo By: X - ray at Aug 22, 2011
Comment #8

ကျေးဇူးပါ X-ray ရေ …

commentinfo By: harry at Sep 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3937)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)