Professional Authors

အမုန်း…

ချစ်တက်အောင် နင်သင်ပေးခဲ့တယ် မုန်းတက်အောင်လဲ သင်ပေးပါလား ချစ်တက်အောင် သင်ပေးတုန်းက သင်တဲ့အချိန်မရှိခဲ့ဘူး မုန်းတက်အောင် သင်ပေးမယ်ဆိုရင် အချိန်ပိုခေါ်ရင်တောင် လာမှာပါ တခါပြောရင် တခါနင့်ကိုချစ်ခဲ့တယ် မြင်လိုက်ရတဲ့ စက္ကန့်အနည်းငယ်လောက်လေးမှာပဲ ချစ်ခဲ့တယ် အဲဒီလိုမျိုး မုန်းတက်အောင် သင်ပေးပါလား စက္ကန့်မက နာရီပိုင်းအထိ အချိန်ပေးပါ့
မယ် နင့်ကို မုန်းချင်လို့ နင်ဆီမှာ မုန်းတက်အောင်သင်ချင်တယ် လခအနေနဲ့ကတော့ ငါ့ အချစ်တွေအကုန်လုံး နင့်ကို ပေးပါ့မယ် ငါ့ကို
တော့ နင့်ကိုမုန်းနိုင်မယ့် မေ့နိုင်မယ့် နည်းတွေပဲ သင်ပေးပါလား ဒါပေမယ့် သိလား နင့်ကို ငါ့အချစ်တွေပေးပြီး နင်ကတော့ ငါ့ကိုအချစ်တွေမပေးနဲ့နော် အချစ်တွေပေးလိုက် မုန်းတက်မယ့်နည်းတွေ သင်ပေးလိုက်တော့မလုပ်ပါနဲ့နော် ကျောင်းဆရာတွေက ကလေးတွေကို နာနာရိုက်ပြီးဆုံးမတယ် တကယ်တော့ သူတို့ရင်ထဲမှာ ကလေးတွေအတွက် အမုန်းမရှိပါဘူး အချစ်ပဲရှိတာပါ ချစ်လို့ရိုက်တာပေါ့ အဲဒီတော့ ကလေးတွေက မမုန်းဘူးလေ နင်လဲ အဲဒီလိုတော့မလုပ်ပါနဲ့  နင့်ကိုမုန်းချင် မေ့ချင်တယ် ဖြစ်နိုင်ရင် လုံးဝသတိမရတော့လောက်အောင်ပေါ့ နင်သိလား နင်ကိုမုန်းဖို့စဉ်းစားရတာနဲ့တင်ငါ တော်တော်စိတ်ညစ်နေပြီး နင့်ကို မုန်းတယ်လို့ပြောရင် နင်ရယ်နေတာပဲ တကယ်ပါလို့ပြောရင်လဲ နင်ကပြုံးစိစိနဲ့ ဘာလို့လဲမသိဘူးနော် နင့်ကိုမုန်းချင်တယ်လို့ပြောရင် ငါ့ခေါင်းလေးကိုဖွဖွလေး ထုတက်တဲ့နင် ငါ တကယ်မုန်းချင်တာပါ ဘာလို့လဲ သိလား နင့်ကို အရမ်းချစ်လို့ပေါ့ အရမ်းမုန်းချင်တာ….

In: ဝတ္ထု Posted By: Date: Jul 20, 2010
Comment #1

အနော့်ကိုလည်းသင်ပေးပါ
နော်

commentinfo By: angel at Jul 23, 2010
Comment #2

ဟုတ်တယ် အရမ်းမုန်းလိုက်ချင်တယ်။ ဘယ်လိုမှ လုပ်လို့မရဘူး။

commentinfo By: raingirl at Jul 25, 2010
Comment #3

ayan mite tal thi lar nyi ma nae apyit chin 2 tal
but nyi ma ka yan soe tal

commentinfo By: thae thae at Jul 25, 2010
Comment #4

ဟုတ်တယ်… မုန်းရတာ အခက်ခဲဆုံးအရာပဲ.. အချစ်က ဝေဒနာတွေ ဘယ်လောက်ပေးပေး မုန်းလို့မရတာ ခက်တာပဲ…. ချစ်ရတာလည်းဒုက္ခ… မုန်းမရတာလဲဒုက္ခပဲ….

commentinfo By: Moon at Jul 30, 2010
Comment #5

ဟင်း မုန်းတယ်လိုလွယ်လွယ်လေပြောလိုက်ရင်တောင်းနှလုံးကမေ့မနိုင်မုန်းမရပါပဲ…

commentinfo By: songmoezin at Aug 3, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment