Professional Authors

ကြယ်ကြွေည….(၂)

နင်နဲ့ ငါ လမ်းလျောက်သွားရင် ငါကအမြဲတမ်းခေါင်းငုံလျောက်တယ်နော် ဒါကိုနင်ကဘာလို့လဲလို့မေးတယ် ငါ ဘာမှမပြောခဲ့ဘူး ပြုံးပြီးတော့နေခဲ့တယ် ဘာလို့လဲဆိုတော့ ငါ လမ်းလျောက်နေတဲ့ နင်ခြေထောက်လေးကို ချစ်လို့လေ နင်ခြေထောက်လေးက ရှင်းသန့်နေတာပဲ နင်သိလား နင် ငါ့လက်ကိုကိုင်ပြီး လမ်းလျောက်ရင် ငါ အရမ်းကြည်နှူးတယ် နင်ဆီကခွန်အားတခုရလိုက်သလိုပဲ ငါ ဘ၀မှာဘာမှမပိုင်ဆိုင်ရရင်တောင် နင်ကိုပိုင်ဆိုင်ရလို့ ငါကျေနပ်တယ် နင်က လမင်းဖြစ်ခဲ့ရင် နင်ဘေးကကြယ်လေး ငါဖြစ်ချင်တယ် ငါက ပင်လယ်ဆို နင်က ငါ့ရဲ့ကောင်းကင်ပဲ နင်ရဲ့ အရိပ်လေးဖြစ်ချင်ခဲ့တယ် ငါဆို့ နှစ်ယောက်တွေ့ရင် ဘယ်တော့လက်ထပ်ကျမယ် ဘယ်လိုလက်ထပ်ကျမယ်ဆိုတာ ငါကအမြဲပြောခဲ့တယ် နင်ကတော့ ငါပြောတာကိုရယ်ပြီး နားထောင်နေခဲ့တယ် ငါ့ သဘောအတိုင်းလက်ထပ်ကျမယ်လို့လဲနင်ပြောခဲ့တယ် ငါ့ ဘ၀က ဒီလောက်ပြီးပြည့်စုံနေတာ ငါ့ကဘာလို့ ကြယ်ကြွေအောင် စောင့်ပြီး နင်နဲ့ပေါင်းရပါစေလို့ဘာလို့ ဆုတောင်းရမှာလဲ ငါတို့ကပေါင်းစပ်ခွင့်ရတော့မှာလေ……လောကမှာ အပျော်ဆုံးက ငါဖြစ်ခဲ့တယ်လေ..ဒါပေမယ့် ငါ မသိလိုက်တဲ့ အချိန်မှာ အပျော်တွေပျောက်ဆုံးခဲ့ရတယ် နင် လက်ထပ်ခဲ့တယ် ဒါပေမယ့် ငါ မဟုတ်ခဲံဘူး နင် ပျော်ရွင်ခဲ့တယ် ဒါပေမယ့် ငါ နဲ့အတူတူမဟုတ်ဘူး နင် ဘ၀အတွက်ရွေးချယ်ခဲ့တယ် ဒါပေမယ့် ငါ မဟုတ်ခဲ့ဘူး ငါ လေ ဘယ်လိုဖြစ်သွားခဲ့လဲဆိုတာတောင် ငါ့ကိုယ်ငါ မသိခဲ့ဘုး သေချာတာကတော့ …….. နင်သိလား ငါ အခု လိုအပ်နေတာဘာလဲ သိလား ငါ မျှော်လင့်နေတာလေ ဘာလဲ သိလား ကြယ်ကြွေဖို့ကို ငါ မျှော်လင့်နေတယ် ကြယ်ကြွေတာကိုစောင့်နေတာ ညပေါင်းမရေတွက်နိုင်တော့ဘူး အိပ်ဖို့ကိုလဲသတိမရဘူး စားဖို့လဲ သတိမရဘူး ကြယ်ကြွေလာ မလားလို့ ငါ မျက်တောင်မခတ်ကြည့်နေမိတယ်…… ငါ လိုချင်တာ တခုအတွက် ကြယ်လေးတွေကို စတေးရမယ်ဆိုလဲ စတေးမယ် ငါ နင့်ကိုချစ်တယ်လေ ငါရဲ့ အတ္တကြောင့် ကြယ်လေးကြွေရမယ်ဆိုရင် လဲ ကြွေပေးပါ ကြယ်လေးရယ် ငါကို သနားရင်လေ ငါ ရက်ပေါင်းများစွာ လပေါင်းများစွာ ဆုတောင်းခဲ့တယ် ငါ ဆုတောင်းပြည့်တယ်လို့ပဲပြောရမလား မသိဘူး ငါကြည့်နေတုန်းပဲကြယ်လေးတစ်ပွင့်ကြွေကျလာခဲ့တယ် ငါ အလျင်အမြန်ဆုတောင်းလိုက်တယ် နင် ဘ၀ သာယာလှပပါစေလို့ ဆုတောင်းခဲ့တယ် အဲဒီလိုဆုတောင်းပြီးကြယ်လေးကို ငါကြည့်လိုက်တော့ အဲဒီကြယ်လေးက…….
အဲဒီကြွေသွားတဲ့ ကြယ်လေးက…….ငါ ကိုယ်ဆိုင်ပဲလေ
နင့်ကို အရမ်းချစ်ခဲ့တဲ့….
နောင်လည်းနင်ကိုပဲ ဆကိချစ်မယ့်….ငါ

In: ဝတ္ထု Posted By: Date: May 24, 2010
Comment #1

ဖတ်ရတာတော်တော်ဝမ်းနည်းလိုက်တောဒါကတကယ့်အဖြစ်အပျက်လား
တကယ့်အဖြစ်အပျက်ဆိုရင်တော့အရမ်းကိုသနားစရာကောင်းပါတယ်

commentinfo By: wityee at Jun 17, 2011
Comment #2

oh..
sorry to know

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment