Professional Authors
ကဗျာဆရာများသာ ဖြစ်ကြလေတော့၏..။
ကဗျာဆရာများသာ ဖြစ်ကြလေတော့၏..။
             လူသည် အသိညဏ်နုံနည်းသော တိရိစ္ဆာန် မဟုတ်..။ လူသည် သင်လျှင် သင်သလို တတ်သည်..။ တတ်လျှင် တတ်သလောက်မှတ်သားတတ်သော အသိညဏ်ရှိသည်..။
အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်သော ပင်ကို အသိတရားကိုလဲ  မွေးဖွားစ သိတတ်သည့် အရွယ်မှစ၍ ပိုင်ဆိုင်ထားကြသည်..။ ထို့ကြောင့်  လူတို့သည် တိရိစ္ဆာန်များထက် အဆပေါင်း မြောက်မြားစွာ သာလွန်သော အဆင့်အတန်းတွင် ရှိပါသည်..။
         သို့သော်….. သင်လျှင် သင်သလို မတတ်သော…ပြောလျှင် ပြောသလို မသိသော…. လူများလဲ လောကတွင် ရှိနေပြန်သေး၏..။ ထိုသူတို့သည် မှတ်သားနိုင် သော ဦးနှောက် ညဏ်ကို ပိုင်ဆိုင်ထားသောငြားလည်း  အသုံးမချနိုင်ကြ…. အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိကြ..။ အဘယ့်သို့ကြောင့်နည်း…. အသိညဏ်မြင့် မားသော  ဦးနှောက်ပိုင် ရှင် လူသားများ ဖြစ်ကြသည့်အလျောက် …တချို့က မိမိ၏ အသိညဏ်ကို ပြောင်မြောက်စွာ အသုံးချနိုင်ကြပြီး…. တချို့က အဘယ်သို့ကြောင့်  ပြည်ဝစွာ အသုံးမချနိုင် ကြသ နည်း …။ ကန့်သတ်ထားကြသနည်း..။ ထိမ်းချုပ်ထားကြသနည်း…။
       ထိုနှိုင်းယှဉ်ခြားနားချက်အား  စေ့စေ့ငင အဖြေရှာသော်…. အဖြေရှိပါ၏..။ အသုံးချနိုင်စွမ်းမရှိသော ဦးနှောက်ကို ပိုင်ဆိုင်ထားသူတချို့သည်  တချို့က ရူး၏..၊ တချို့က နှမ်း၏ ၊
တချို့က သွပ်ချောင်၏..၊ တချို့က အတွေးလွန်ကာ သုံးမရသော  ဦးနှောက်ပိုင်ရှင်များ ဖြစ်သွားကြ၏..။  ထို့အထဲမှ…. ရူးသောသူ ၊ နှမ်းသောသူ ၊ သွပ်ချောင်သောသူ ဆိုသော  အရူး အနွယ်ဝင် လူများကို အမှန်တကယ် အသုံးချနိုင်စွမ်းရှိသည့်  အသိညဏ်မရှိသော လူများအဖြစ် လက်ခံပေးနိုင်သော်လည်း…. ကျန်သော အတွေးလွန် သုံးမရ ဦးနှောက်ပိုင်ရှင်များ   ကိုတော့  လုံးဝဦးနှောက်ပျက်သွားသည့် အရူးစာရင်းတွင်  ထည့်သွင်းသတ်မှတ်ရန် မသင့်ပေ..။ လက်ခံရန် မထိုက်ပေ..။
              အဘယ့်ကြောင့် ဆိုသော်…ထိုသူများသည် ဦးနှောက်ကို အသုံးချနိုင်စွမ်း ရှိခဲဖူး၊ ရှိနေဆဲ ၊ ရှိနေမှာ ဖြစ်လို့ပဲ ဖြစ်သည်..။  ထို့ကြောင့် ထိုလူများကို လုံးဝ အသိညဏ်ကင်း
မဲ့သော  သူရူးများအဖြစ် သတ်မှတ်လို့ မရသလို မိမိဥိးနှောက်ကို  လုံးဝ အသုံးချနိုင်သော လူများ အဖြစ်လဲ ဆို၍မရပါ..။ ထို့အတူပဲ လူသာမန် တစ်ဦး၏ အသိတရားကို ရရှိသော လူ
များလဲ မဟုတ်ပြန်ပါ..။
            ထိုသူတို့သည် အမှန်စင်စစ်ဆိုရလျှင်  အမျိုးအမည် သတ်မှတ်ရန်ခက်ခဲသော ဦးနှောက်အသိတရားပိုင်ရှင်များ ဖြစ်ကြ၏..။ သင်ပေးလျှင် သူတို့မတတ်ကြ ..မသင်ပေး
လျှင် တတ်ကြ၏ ။ ပြောပြလျှင် သူတို့ မသိကြ … မပြောပြလျှင် သိကြ၏ ။  လုပ်ခိုင်းလျှင် မလုပ်ကြ ..  မလုပ်ခိုင်းလျှင် လုပ်ကြ၏ ။
          ထို့အတူပဲ….. ၄င်းတို့သည် လူမသိ သူမသိ တရားဥပဒေပြု ပညာရှင်များလည်း ဖြစ်နေပြန်သေး၏ ..။
        ဤကဲ့သို့ပဲ  အသိတရားလွန်ပြီး ဦးနှောက်အသုံးချနိုင်စွမ်း နှင့် ကန့်သတ်ထိမ်းချုပ်မှု ပျက်သွားသော ၄င်းတို့ကို  အတိကျဆုံး ဖွင့်ဆိုမှု ပေးရမည်ဆိုလျှင် ,,,,,,,, ထိုသူများ
သည်…“ကဗျာဆရာများ” သာ  ဖြစ်ကြလေတော့၏..။
      ထို့ကြောင့် ကဗျာဆရာများသည်…အသိလွန်ကဗျာများကို ကမ္ဘာတည်သရွေ့  မမောတမ်းရေးနေကြလေခြင်း ဖြစ်တော့သတည်း….။
    ကကြီး။http://kagyi13.blogspot.com/
In: စကားပြေ Posted By: Date: Nov 19, 2012
Comment #1
ကြိုက်တယ် မော်ဒန်စစ်စစ်ပဲ
commentinfo By: မေပျို at Nov 19, 2012
Comment #2
ဤကဲ့သို့ပဲ အသိတရားလွန်ပြီး ဦးနှောက်အသုံးချနိုင်စွမ်း နှင့် ကန့်သတ်ထိမ်းချုပ်မှု ပျက်သွားသော ၄င်းတို့ကို အတိကျဆုံး ဖွင့်ဆိုမှု ပေးရမည်ဆိုလျှင် ,,,,,,,, ထိုသူများ
သည်…“ကဗျာဆရာများ” သာ ဖြစ်ကြလေတော့၏..။
commentinfo By: mayviolet at Dec 14, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment