Professional Authors

History of Valentine’s Day (ဗာလင်တိုင်းနေ့သမိုင်းအကြောင်း)

History of Valentine’s Day

ဗာလင်တိုင်းနေ့သမိုင်းအကြောင်း

ဒီဖေဖ၀ါရီလဟာစိတ်ကူးယဉ်အချစ်ဒါမှမဟုတ်သမီးရည်းစားအချစ်တွေနဲ့ထုံမွန်းတဲ့လလို့ပြောလို့ရပါတယ်။

ဘာကြောင့်လဲဆိုရင်ဒီလထဲမှာပဲ Valentine’s Day ဟာရှိနေခြင်းကြောင့်ပါပဲ။တနည်းအားဖြင့်ပြောရမယ်

ဆိုရင်ချစ်သူများရဲ့လတစ်လလည်းဖြစ်ပါတယ်။ကျွန်ုပ်တို့မရှိခင်ကတည်းက ”ဗာလင်တိုင်း”နာမည်

ဟာရှိနှင့်ပြီးသားဖြစ်ပါတယ်။ဒီတော့”ဗာလင်တိုင်း”ဆိုတာဘယ်သူလဲ? ဘာ့ကြောင့်ဒီလဒီရက်ကိုချစ်သူများနေ့အဖြစ်သတ်မှတ်ကြရတာလဲ? ဆိုတာသိဖို့လိုပါတယ်။

          ချစ်သူများနေ့ရဲ့မူလအစကတော့ AD 270 အစောပိုင်းမှာစတင်ခဲ့ခြင်းဖြစ်ပါတယ်။

ထိုခေတ်မှာရောမအင်ပါယာကြီးကိုအုပ်ချုပ်မင်းလုပ်နေသူကတော့ဧကရာဇ်ဘုရင် Claudius II ပဲဖြစ်ပါတယ်။ဧကရာဇ်ဘုရင် Claudius II ဟာဆိုရင် Lupercalia လို့ခေါ်တဲ့နတ်ဘုရားပွဲကို

ကျင်းပဖို့အတွက်ဖေဖ၀ါင်္ရိလ ၁၅ ရက်နေ့ကို holiday အားလပ်ရက်အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

ဖေဖ၀ါရီလ ၁၅ ရက်နေ့ဟာဆိုရင်ရောမားအင်ပါယာတစ်ခွင်လုံးမှာရှိတဲ့တိုင်းသူပြည်သားတွေအတွက် Lupercaliaဆိုတဲ့နတ်ဘုရားပွဲကျင်းပဖို့အားလပ်ရက်တစ်ရက်ပဲဖြစ်ပါတယ်။ဒါပေမဲ့ခရစ်ယာန်ဘာသာပေါ်ထွန်းလာတဲ့အခါကျတော့ခုနကပြောတဲ့ Lupercalia ဆိုတဲ့နတ်ဘုရားပွဲဟာပျောက်ကွယ်သွားပြီးရှေးဦး

ခရစ်ယာဓမ္မအာဇာနည်များပွဲတော်နေ့အဖြစ်အမည်ပြောင်းကျင်းပခဲ့ကြတယ်။ AD 496 မှာပုပ်ရဟန်းမင်းကြီး Gelasius မှ ဖေဖ၀ါရီ ၁၅ ရက်န့မှာကျင်းပခဲ့တဲ့ Lupercalia နတ်ဘုရားပွဲနေ့အစား တစ်ရက်စောပြီးဖေဖ၀ါရီလ ၁၄ ရက်နေ့ကိုခရစ်ယာန်များပွဲတော်နေ့အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ ရောမလူမျိုးဓမ္မအာဇာနည် Saint Valentine ကိုဂုဏ်ပြုသောအားဖြင့် ဖေဖ၀ါရီလ  ၁၄ ရက်နေ့ကို Valentine’s Day အဖြစ်ထုတ်ပြန်ကြေညာ

ပေးခဲ့တယ်။

 Valentine လို့ပြောလိုက်ပြီးဆိုရင် Valentine နာမည်ကိုယူထားတဲ့ရှေးဦးခရစ်ယာန် ရဟန္ဓာသုံးပါးရှိတယ်

ဆိုတာကိုကက်သလစ်စွယ်စုံကျမ်းအရသိရပါတယ်။ပထမတစ်ဦးကတော့ရာမမြို့မှာအသက်ရှင်နေထိုင်ခဲ့တဲ့

ရဟန်းတစ်ပါးဖြစ်ပါတယ်။ ဒုတိယတစ်ဦးကတော့ Terni မြို့မှာနေထိုင်ခဲ့တဲ့ဆရာတော်တစ်ပါးပဲဖြစ်တယ်။ တတိယတစ်ပါးကတော့ Africa မှာပျောက်ဆုံးသွားခဲ့တဲ့အတွက်ကြောင့်သူ့ရဲ့အကြောင်းနဲ့ပတ်သက်လို့

ဘာမှမသိခဲ့ရဘူးလို့ဆိုပါတယ်။ဒါပေမဲ့အံ့သြဖို့ကောင်းတာကတော့သူတို့သုံးဦးဟာဖေဖ၀ါရီလ ၁၄ ရက်နေ့မှာအသတ်ခံခဲ့ရတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး Gelasius ကတော့ခုနက

ပြောပြခဲ့တဲ့သုံးဦးအနက်ပထမဦးဆုံးသောပုဂ္ဂိုလ်ကိုဂုဏ်ပြုဖို့ရည်ရွယ်ခဲ့ပါတယ်။ပညာရှင်များကလည်း Saint Valentine ဟာ AD 270 ၀န်းကျင်တွင်ရောမမြို့မှာအသက်ရှင်နေထိုင်ခဲ့တဲ့ရဟန်းတစ်ပါးဖြစ်ခဲ့တယ်ဆိုတာ

ကိုယုံကြည်လက်ခံခဲ့ကြတယ်။ ပြီးတော့အဲဒီအချိန်အတော့အတွင်မှာပဲ Saint Valentine ဟာ အုပ်ချုပ်မင်းလုပ်

နေတဲ့ရောမဧကရာဇ်ဘုရင် Claudius II ရဲ့မျက်နှာသာပေးခြင်းမခံခဲ့ရတဲ့သူတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

Saint Valentine အဖြစ်အပျက်နဲ့ပတ်သက်လို့ကက်သလစ်အသင်းတော်နဲ့

အခြားညီအစ်ကိုအသင်းတော်အကြားမတူညီကွဲပြားတဲ့သဘောထားအမြင်နှစ်ခုရှိခဲ့တယ်။အသင်းတော်နှစ်ခုလုံးရဲ့သဘောထားအမြင်ကတော့ Saint Valentine ဆိုတဲ့ပုဂ္ဂိုလ်ကိုဆရာတော်တစ်ပါးအဖြစ်လက်ခံခဲ့ကြတယ်။ ဆရာတော် Valentine ဟာလူငယ်အမျိုးသားများအိမ်ထောင်မပြုရဆိုတဲ့ဧကရာဇ်ဘုရင် Claudius ရဲ့အမိန့်ကိုဆန့်ကျင်ပြီးလူငယ်စစ်သားလေးတွေကိုလျှို့ဝှက်စွာနဲ့အိမ်ထောင်ပြုပေးခဲ့ဆရာတော်တစ်ပါးပဲဖြစ်ပါတယ်။ Valentine ရဲ့အသက်ရှင်စဉ်အတွင်မှာ ရွှေခေတ်ဖြစ်နေတဲ့ရောမအင်ပါယာကြီးဟာပျက်စီးလုမတတ်

အခြေအနေကိုရောက်ရှိလို့လာခဲ့ပါတယ်။တိုင်းပြည်ကိုစီမံအုပ်ချုပ်တဲ့သူရဲ့အရည်အချင်းညံ့ဖျင်းမှုကြောင့်ပြည်တွင်းပြည်ပဆူပူမှုများမကြာခဏကြုံတွေ့ခံစားကြရတယ်။ပညာရေးနိမ့်ကျလာခြင်း၊အခွန်များတိုးမြင့်ကောင်ခံ

လာခြင်းနှင့်ကုန်သွယ်ရေးများညံ့ဖျင်းလာခြင်းများကြောင့်ဖြစ်ပါတယ်။ရောမအင်ပါယာတစ်ခွင်လုံးဟာဆိုရင်အ

ဖက်ဖက်မှာအကြပ်အတည်းတွေနဲ့ရင်ဆိုင်တွေ့ကြုံကြရတယ်။တိုင်းပြည်ဟာလည်းအနံကြီးကွင်းကျယ်၊အနား

ကျယ်အလယ်လတ်ဆိုသလိုပဲထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ရတယ်။ပြည်တွင်းပြည်ပရန်တွေကလည်းတိုးပွားများပြားလာခဲ့တယ်။အဲဒီတော့ပြည်တွင်းပြည်ပရန်တွေကိုခုခံကာကွယ်တိုက်ခိုက်ဖို့အတွက်စစ်အင်းအားတွေလိုလာ

တယ်။စစ်အင်အားတွေတောင့်တင်းခိုင်မာပြီးတိုင်းပြည်ကာကွယ်ဖို့အတွက်တိုက်ခိုက်နိုင်တဲ့တပ်သားတွေလို

အပ်လာတယ်။ဒီလိုနဲ့တပ်သားစုဆောင်းရေးတွေစတင်လုပ်ဆောင်ခဲ့တယ်။ Claudius ဆိုတဲ့ပုဂ္ဂိုလ်ဟာ

ဧကရာဇ်ဘုရင်ဖြစ်လာတဲ့အခါမှာသူခံစားနားလည်ခဲ့ရတာကတော့အိမ်ထောင်သည်အမျိုးသားတွေဟာသူတို့ရဲ့မိသားစုတွေအပေါ်မှာသံယောဇဉ်တွေတွယ်ကပ်ညိတွယ်နေတဲ့အတွက်ကြောင့်တပ်သားကောင်းတွေဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ခံစားသိမြင်လာခဲ့တယ်။အိမ်ထောင်ပြုခြင်းဟာအမျိုးသားတွေကိုအားအင်ခွန်အားတွေနည်းပါးသွားစေတယ်လို့လည်းသူကယုံကြည်လက်ခံခဲ့တယ်။ဒါ့ကြောင့်အရည်အချင်းပြည့်ဝပြီးခွန်အားကောင်းတဲ့တပ်သားကောင်းတွေရရှိဖို့အတွက်အိမ်ထောင်မပြုရဆိုတဲ့တားမြစ်တဲ့အမိန့်စာကိုထုတ်ပြန်ကြေညာခဲ့တယ်။

အိမ်ထောင်မပြုရဆိုတဲ့တားမြစ်ချက်အမိန့်ဟာရောမမြို့သားတွေအတွက်ကြီးမားတဲ့ထိန့်လန့်မှုကြီးတစ်ခုဖြစ်ခဲ့တယ်။သူတို့တွေဟာဧကရာဇ်ဘုရင်ရဲ့အမိန့်ကိုဆန့်ကျင်ကန့်ကွက်ချင်ပေမဲ့မကန့်ကွက်ရဲခဲ့ကြဘူး။ဧကရာဇ်ဘုရင်ကြီးရဲ့အမိန့်ချမှတ်ချက်ဟာတရားမျှတမှုမရှိဘူးဆိုတာကိုအကြင်နာတရားရှိတဲ့ဆရာတော် Valentine ကလည်းနားလည်သဘောပေါက်ခဲ့တယ်။အိမ်ထောင်ပြုခြင်းဖြင့်ပေါင်းစည်းကြမယ်ဆိုတဲ့မျှော်လင့်ချက်တွေကို

စွန့်လွတ်ခဲ့ရတဲ့ငယ်ရွယ်သူချစ်သူတွေရဲ့ခံစားနေရတဲ့ဝေဒနာတွေကိုဆရာတော် Valentine ကိုယ်တိုင်မြင်တွေ့

ခဲ့ရတယ်။ဒီလိုနဲ့ဆရာတော် Valentine ဟာဧကရာဇ်ဘုရင်ရဲ့အမိန့်ကိုဆန့်ကျင်ဖို့လျှို့ဝှက်စွာနဲ့

စီစဉ်ပါတော့တယ်။လက်ထပ်ကြတော့မယ်လို့စဉ်းစားဆုံးဖြတ်ထားကြတဲ့ချစ်သူစုံတွဲတွေဟာ Valentine ကိုတိတ်ဆိတ်တဲ့နေရာမှာသွားပြီးတွေ့ခဲ့ကြတယ်။ပြီးတော့လက်ထပ်ခြင်းမင်္ဂလာကိုခံယူခဲ့ကြတယ်။ဆရာတော် Valentine ဟာငယ်ရွယ်တဲ့ချစ်သူစုံတွဲတွေအတွက်လက်ထပ်ခြင်းမင်္ဂလာကိုတိတ်ဆိတ်စွာနဲ့ဆောင်

ကြင်းပေးခဲ့တယ်။ဒါပေမဲ့ဒီလိုတိတ်ဆိတ်စွာနဲ့လုပ်ဆောင်ခြင်းဟာကြာရှည်စွာထိန်ဝှက်မထားနိုင်ပဲဖြစ်ခဲ့ပါတယ်။ Valentineဟာချစ်သူစုံတွဲတွေများစွာကိုလက်ထပ်ပေးတဲ့သူ၊ချစ်သူစုံတွဲတွေရဲ့မိတ်ဆွေဖြစ်တယ်ဆိုတာကိုဘုရင် Claudius သိသွားတဲ့အခါမှာသူ့ကိုဖမ်းစီးပြီးအကျဉ်းထောင်ထဲချထားလိုက်တယ်။

             Valentine ဟာတရားစီရင်ခြင်းခံရမယ့်နေ့ကိုအကျဉ်းထောင်ထဲမှစောင့်နေစဉ်အတွင်းအကျဉ်းသား Asterius ဆိုတဲ့ပုဂ္ဂိုလ်နဲ့ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။ပြီးတော့ Valentine မှာထူးခြားတဲ့အရည်အသွေးတွေ၊

တန်းခိုးစွမ်းအားတွေရှိတယ်လို့လည်းဆိုပါတယ်။ဘာ့ကြောင့်လဲဆိုရင်ခုနကသူနဲ့ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ Asterius မှာမျက်မမြင်သမီးတစ်ယောက်ရှိခဲ့တယ်။အဲဒီမျက်မမြင်သမီးလေးကိုမျက်စိမြင်အောင်ကူညီလုပ်ဆောင်ပေးနိုင်ခဲ့တဲ့တန်ခိုးစွမ်းအားတွေရှိခြင်းကြောင့်ပဲဖြစ်ပါတယ်။နောက်တော့ဘုရင် Claudius က Valentine ကိုခေါ်တွေ့ပြီးဘာသာပြောင်းပြီးတော့ရောမလူမျိုးတွေရဲ့နတ်ဘုရားကိုရှစ်ခိုးကိုးကွယ်ဖို့စည်းရုံးခဲ့တယ်။

ဒါပေမယ့် Valentine ကတော့ဘုရင့်ရဲ့စည်းရုံးမှုကိုလုံးဝလက်မခံပဲငြင်းပယ်ခဲ့တယ်။

ဒါ့ပြင်ဘုရင်းကိုလည်းပြောင်းလဲဖို့နဲ့လူငယ်အမျိုးသားများအိမ်ထောင်မပြုရဆိုတဲ့အမိန့်ကိုပြန်ရုတ်သိမ်းပေးဖို့

ပြောဆိုခဲ့တယ်။အဲဒီအခါမှာဘုရင်ဟာအမျက်ဒေါသထွက်ပြီးသူ့ကိုအသေသတ်စေဆိုတဲ့အမိန့်ကိုပေးပြီးကွက်

မျက်ခဲ့တယ်။ AD 270, ဖေဖ၀ါရီလ ၁၄ ရက်နေ့မှာ Valentine အသေသတ်ခြင်းခံခဲ့ရပါတယ်။

ဒါကြောင့်ဖေဖ၀ါရီလ ၁၄ ရက်နေ့ဟာချစ်သူများအားလုံးအတွက်အမှတ်တရနေ့တစ်နေ့ဖြစ်ပြီတော့ Saint Valentine ဟာချစ်သူများအားလုံးအားကိုးခိုလှုံရာ (Patron Saint ) ရဟန္တာတစ်ပါးဖြစ်လာခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်းဆိုသလိုငယ်ရွယ်တဲ့ရောမမြို့သားလူငယ်လေးတွေဟာသူတို့ချစ်ခင်မြတ်နိုးတဲ့မိန်းကလေးတွေစီကို Valentine အဖြစ်နဲ့ချစ်ခင်တဲ့စာတွေလက်ရေးနဲ့ရေးပြီးပို့ခဲ့ရာမှအစပြုခဲ့ခြင်းလည်းဖြစ်ပါတယ်။

ခရစ်ယာန်ဘာသာပေါ်ထွန်းလာခြင်းနဲ့အတူဒီနေ့ဟာ Saint Valentine’s Day အဖြစ်ထင်ပေါ်ကျော်ကြား

လားခြင်းပဲဖြစ်ပါတယ်။

           နောက်ဆုံးအကျဉ်းချုံးအနေနဲ့ပြောရမယ်ဆိုရင် ရောမအင်ပါယာတစ်ခွင်လုံးမှာဖေဖ၀ါရီလ ၁၅ ရက်

နေ့ကို Lupercalia နတ်ဘုရားပွဲတော်အဖြစ်ကျင်းပရာမှဖေဖ၀ါရီလ ၁၄ ရက်နေ့ကိုတစ်ရက်စောပြီးချစ်သူများ

အတွက်အသေခံခဲ့တဲ့ Saint Valentine ကိုဂုဏ်ပြုသောအားဖြင့်ချစ်သူများနေ့ပေါ်ပေါက်လာခဲ့ခြင်းပဲ

ဖြစ်ပါကြောင်း။

 

 

စီလျှော်အောင်ဘာသာပြန်ဆိုသူ

 Raymond Kyaw Aung

 

ဒီအကြောင်းအရာအားလုံးကို internet စာမျက်နှာဖြစ်တဲ့ www.theholidayspot.com/valentine/history_of_valentine.htm မှနားလည်သလိုစီလျှော်အောင်ဘာသာပြန်ဆိုပြီးတင်ပြခြင်းသာဖြစ်ပါသည်။

                                                                                              Post By : အရိပ်ကလေး

In: Others,Others Posted By: Date: Feb 14, 2012
Comment #1

ကျေးဇူးဘဲ

commentinfo By: kantkawmg at Feb 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment