Professional Authors

လမင်းလဲငို ငါလဲငို

ကောင်မလေးရေ…
ငါသတိတွေရနေတယ်
လွမ်းနေတယ်ပေါ့ဟာ
လွမ်းနေတယ်ဆိုတဲ့စကားလုံးကို
ငါ သုံးခွင့်တော့မရှိပါဘူး
နင် နဲ့ ငါ ကဘာမှမှမဆိုင်ခဲ့တာ
ဒါပေမယ့် ကောင်မလေးရယ်
ငါ တကယ်ကြီးကို သတိရတာထက်ပိုပြီးသတိရနေတယ်
ငါ့ရင်ထဲမှာအခုဆို ဘာမှမရှိတော့သလိုပဲ
ငါလေ နင့်ကို  အရမ်းမျှော်လင့်ခဲ့ရတာ
နင့်အချစ်ကိုရဖို့မျှော်လင့်ခဲ့တာမဟုတ်ပါဘူး
ငါ နင့်ကိုချစ်နေရဖို့ပါ
အခုဆို ကောင်မလေးရယ်
ငါ့မှာဒီလိုမျှော်လင့်ဖို့ မသင့်တော့ဘူးလေဟာ
ငါ ငါလေ….
နင့်မင်္ဂလာဆောင်ဖိတ်စာ ကို အရမ်းမုန်းတယ်ဟာ…………

နင်မှတ်မိသေးလား
တချိန်တုန်းက နင်ပြောဖူးတာလေ
“ငါ က အပျိုကြီးလုပ်မှာတဲ့”
မဆီမဆိုင် ငါအရမ်းပျော်ခဲ့တာ
ငါ နင့်ကိုပိုင်ဆိုင်ချင်တာမဟုတ်ဘူးဟ
ဆုံးရှုံးရမှာပဲကြောက်တာ
ကောင်မလေးရယ် ငါ အဲဒီအချိန်တွေကို
သတိရလိုက်တာဟာ……

ကောင်မလေးရေ…
အခုငါလေ နင်ကြိုက်တဲ့မုန့်ဟင်းခါးလဲမစားတော့ဘူး
ငါ့မျက်ရည်တွေကို ငါမထိမ်းနိုင်ဘူးဟာ
ဒါပေမယ့် ကော်ဖီဖျော်ရင်တော့
နှစ်ခွက်ဖျော်ဖျော်မိတယ်ဟာ……..

အခုငါ့မှာသူငယ်ချင်းအသစ်ရနေပြီ
လမင်းကြီးလေ
ငါတို့နှစ်ယောက်စကားတွေပြောဖြစ်ကြတယ်ဟ
ပြီး
လမင်းကြီးလည်းငို ငါလဲငိုပေါ့ဟာ…….

In: Others Posted By: Date: Aug 5, 2010
Comment #1

ဝမ်းနည်းစရာကောင်းတယ်။

commentinfo By: angel at Aug 6, 2010
Comment #2

တိုက်ဆိုင်လိုက်တာ— အရမ်းကြိုက်တယ် တု့်လဲမင်းလိုလမင်းသူငယ်ချင်းလို့ချင်လိုက်တာ–

commentinfo By: layeikpyar at Aug 9, 2010
Comment #3

ဟုတ်….အတူတူပေါ့ 🙂

commentinfo By: anatyong at Aug 9, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment