Professional Authors

အဝေးဆုံးကိုသွားတော့မယ်

လမင်းကိုတမ်းတ
မင်းကိုလွမ်းရတာနဲ့တူ
ကြယ်စင်ကိုလိုချင်
မင်းကိုပိုင်ဆိုင်ချင်တာနဲ့တူ
မြင့်လွန်းလို့မမှန်းနိုင်
လှမ်းနိုင်တဲ့အင်အားမရှိ
ငါပိုင်တာနတ္တိ
သတ္တိတော့ရှိတယ်
မင်းအတွက်မှအသုံးမဝင်တာ
အဆုံးကျ ငါရှုံး
ငါမုန်းတာ မင်းအမေ
အပေတေလို့ငါ့ကိုပြော
လောကမှာ ဘာအရေးကြီးဆုံးလဲ
အဝေးကြီးကြည့်မနေနဲ့
ရင်ထဲကိုကြည့်ပြီးပြော
စောစောကသာသိရင်
ငါဘာလို့ချစ်တော့မလဲ
အသစ်တော့လည်းမရှာချင်တော့ဘူး
မလာခင်ကနှင်ပြီးနေမို့
ငါ…..လေ
အဝေးဆုံးကိုသွားတော့မယ်………………

In: Others Posted By: Date: Jul 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment