Professional Authors

နောက်ဆုံးဆန္ဒ

ချစ်သူ……….
ကြယ်ကြွေတာမင်းကြောင့်မဟုတ်ဘူးလို့
မင်းငြင်းနိုင်တယ်
ငါ့မျက်ရည်တွေအတွက်တော့
တာဝန်ယူပေးပါနော်………….

ဝိုင်တစ်ခွက်လောက်နဲ့မူးခဲ့တာ
ငါပျော့ညံ့လို့ လို့မဟုတ်ဘူး
အတွေ့အကြုံမရှိခဲ့လို့ပါ……….

ရိုးသားခြင်းကိုအတင်းအရောင်ဆိုးခဲ့တာမဟုတ်ပါဘူး
ငါ့ရင်ထဲမှာဘာရှိလည်းဆိုတာ
သက်ဆိုင်တဲ့မင်းသိသင့်တယ်ထင်လို့ပါ
အဲဒီစကားအတွက်
ငါ့ညတာတွေရှည်ခဲ့တာ ကြာပါပြီ………..

မင်းကတော့ငါ့ကို
ပြက္ခဒိန်တွေနောက်မှာချန်ခဲ့တာလေ
ငါအတွက်တော့မင်းက
အိပ်မက်တစ်ခုမှမဟုတ်ခဲ့တာ
ငါဘယ်လိုမေ့ရမှာလဲ
တကယ်ဆို ငါလေ
အဲ့ဒိအချိန်တွေကိုပြန်လိုချင်မိတယ်
တကယ်ပါ
အကြာကြီးမဟုတ်ဘူး
ခဏဖြစ်ဖြစ်
တဒင်္ဂလောက်
မင်းမျက်နှာကို တွေ့သွားချင်တယ်…………………..

In: Others Posted By: Date: Jul 9, 2010
Comment #1

I like it.

commentinfo By: Zar Zar at Oct 6, 2010
Comment #2

မင်းကတော့ငါ့ကို
ပြက္ခဒိန်တွေနောက်မှာချန်ခဲ့တာလေ
ငါအတွက်တော့မင်းက
အိပ်မက်တစ်ခုမှမဟုတ်ခဲ့တာ
ငါဘယ်လိုမေ့ရမှာလဲ
တကယ်ဆို ငါလေ
အဲ့ဒိအချိန်တွေကိုပြန်လိုချင်မိတယ်
တကယ်ပါ
အကြာကြီးမဟုတ်ဘူး
ခဏဖြစ်ဖြစ်
တဒင်္ဂလောက်
မင်းမျက်နှာကို တွေ့သွားချင်တယ်…………………..

commentinfo By: အသဲကွဲမိုး at Jan 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment