Professional Authors

ညရဲ့အတိတ်

ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေတာ
ငါ့ရင်ခုန်သံကြောင့် ငါချောက်ခြားနေရတယ်
ကျေးဇူးပြုပြီးထွက်သွားပေးပါ
လောကကြီးမှာ ငါအသက်ရှင်နေရဦးမှာ မို့လို့ပါ
ဖြစ်နိုင်ရင် ငါ့ကို ကော်ဖီတစ်ခွက်လောက်တော့ ညှာတာပါ
ညတွေ ညတွေ………….
ငါမျက်လုံးဖွင့်ပြီး ကျော်ဖြတ်ရဦးမှာ
ငါအလုပ်မများပါဘူး
အိပ်မက်ကိုကြောက်လို့ပါ
မင်းအပြုံးတွေ
မင်းအမုန်းတွေ
မင်းစကားသံတွေ
ငါဘယ်လိုမေ့လို့ရမှာလဲလေ
ဖြစ်နိုင်ရင်တော့ ငါ့ကို
သေဒဏ်ပဲပေးပါနော်
မင်းရဲ့ညှာတာမှုကို
ငါ……….မမ့ပါဘူး

In: Others Posted By: Date: Jul 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment