Professional Authors

သားကို ယုံပေးပါအမေ

ပါတီပွဲတစ်ခု ရောက်ခဲ့တယ် အမေ။

အမေမှာတာကို သား အမှတ်ရပါတယ်။

သားကို အရက်မသောက်ဖို့အမေမှာခဲ့တယ်နော်။

ဒါကြောင့် သား ဆိုဒါ ပဲသောက်ခဲ့တယ်အမေ။

 

အဲဒီအတွက် (အမေ့စကားကို နားထောင်ခဲ့တဲ့အတွက်) သားရဲ့စိတ်ထဲမှာ သိပ်ပျော်နေတယ် အမေ။

အမေ့စကားအတိုင်း သား လိုက်နာမှာပါ အမေ။

အရက်သောက်ပြီး ကားမောင်းတာမျိုး သား မလုပ်ပါဘူး အမေ။

တခြားလူတွေက ဘယ်လောက်ပဲ တိုက်တွန်းတိုက်တွန်း သားမလုပ်ပါဘူး အမေ။

 

သား လုပ်တာမှန်တယ်ဆိုတာ သား သိတယ် အမေ။

အမေပြောတာ အမြဲတမ်း မှန်မယ်ဆိုတာလည်း သား သိပါတယ်။

လူတွေအားလုံးလည်း ကားမောင်းထွက်သွားကြပြီ။

အခု ပါတီပွဲ ပြီးပြီ အမေ။

 

ကားထဲကို ရောက်ပြီး မကြာခင်မှာပဲ အိမ်ကို တန်းပြန်ရမယ်ဆိုတာ သားသိပါတယ် အမေ။

တာဝန်သိတတ်ပြီး သိပ်နူးညံ့တဲ့ အမေ

သား ကို ပျိုးထောင်ပေးခဲ့တဲ့အတိုင်းပေါ့။

 

သား ကားစမောင်းပြီ အမေ။

ဒါပေမယ့်… လမ်းမပေါ်ကနေ သား လွင့်စင်ထွက်သွားပြီ အမေ။

တခြားကားက သားကို မမြင်ဘဲနဲ့ တိုက်လိုက်ပြီ အမေ။

 

သား ပလက်ဖောင်းပေါ်မှာ လဲနေပြီ အမေ။

ရဲတွေပြောနေသံ ကြားရတယ် “ဟိုဘက် လူက အရက်မူးလာတယ်” တဲ့။

ပေးဆပ်လိုက်ရသူကတော့ သား ဖြစ်နေပြီ အမေ။

 

သား သေလုမြောပါး လဲနေပြီ အမေ…။

သားရဲ့အနား အမေ့ကို ရောက်လာစေချင်လိုက်တာ။

ဒီအဖြစ်အပျက်မျိုး သား ဘာလို့ကြုံရတာလဲ အမေ။

သားရဲ့ ဘဝဟာ လေပူဖေါင်း တစ်လုံးလိုပဲ ကွဲထွက်ရတော့မှာလား။

 

သားရဲ့ ပါတ်လည်မှာ သွေးတွေချင်းချင်းနီနေတယ် အမေ။

သားရဲ့ သွေးတွေ အများဆုံးပေါ့။

ဆရာဝန်တွေ ပြောနေကြတယ် အမေ။

သိပ်မကြာခင်မှာ သားသေရတော့မယ်။

 

သား တစ်ခုပဲ ပြောချင်ပါတယ် အမေ။

သား အရက်မသောက်ခဲ့ပါဘူး။

တခြားလူတွေက သောက်ခဲ့တာပါ အမေ။

တခြားလူတွေက မတွေးခဲ့ကြဘူး အမေ။

 

သူနဲ့သား ပါတီပွဲတူတူတက်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မတူတာကတော့… သူ အရက်မူးခဲ့တယ်

ပြီးတော့ သား က သေရတယ်။

 

လူတွေဘာလို့ အရက်သောက်ကြတာလဲ အမေ။

အဲဒီအရက်ဟာ သူတို့ရဲ့ ဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်။

အခု သား စူးစူးနစ်နစ် နာကျင်နေပြီ အမေ။

ဓါး နဲ့အမွှန်းခံရသလို ဒါဏ်ရာတွေ နာကျင်နေပြီ။

 

သားကို တိုက်မိတဲ့ လူ လျှောက်လာနေပြီ အမေ။

ဒါ မတရားဘူးလို့ သားထင်တယ်။

သားကတော့ သေလုမြောပါး လဲနေပြီး

သူကတော့ သားကို ရပ်ကြည့်နေနိုင်တယ်။

 

ညီလေးကို မငိုဖို့ပြောလိုက်ပါ အမေ။

အဖေ့ကိုလည်း အားမငယ်ဖို့ ပြောလိုက်ပါ။

ပြီးတော့… သား ကောင်းကင်ဘုံကို ရောက်သွားတဲ့အခါ

သားရဲ့ အုတ်ဂူလေးမှာ “ကောင်းမွန်သော သားလေး” လို့ ရေးထိုးပေးပါ အမေ။

 

မူးရင် မမောင်းဖို့၊ မောင်းရင် မမူးဖို့

တယောက်ယောက်က အဲဒီလူကို ပြောခဲ့သင့်တယ် အမေ။

အဲလိုသာ ပြောခဲ့မယ်ဆိုရင် အမေ…ရယ်

သား အသက်ရှင်နေရဦးမှာ။

 

သားရဲ့ အသက်ရှုသံတွေ နှေးလာပြီ အမေ။

သားကြောက်လာပြီ အမေ။

သား အတွက် မငိုပါနဲ့နော် အမေ။

သား လိုအပ်တဲ့ အချိန်တိုင်းမှာ အမေအမြဲရှိနေခဲ့တယ်နော် အမေ။

 

သား အမေ့ကို နှုတ်ဆက်မသွားခင်

နောက်ဆုံး မေးခွန်းတစ်ခုပဲမေးချင်တယ် အမေ။

သား မူးပြီးမမောင်းခဲ့ပါပဲနဲ့

သား ဘာလို့ သေရတာလဲ အမေ။

 

သားကို ယုံပေးပါအမေ။

သား အမေ့စကား နားထောင်ခဲ့တယ်ဆိုတာ ယုံပေးပါ အမေ။

သား မူးပြီးမောင်းခဲ့တာ မဟုတ်ဘူးဆိုတာ ယုံပေးပါ အမေ။

 

+++++

သဇင်

အောက်တိုဘာ ၁၊ တနင်္လာ

+++++

 

သဇင့်ရဲ့ ကိုယ်ပိုင်ဘလော့ http://chocothazin.blogspot.com/ မှာတင်ခဲ့ဖူးပြီးသားပါ။ အမေကိုချစ်သောသား၊ အမေ့စကားနားထောင်သော သားသမီးများ ဒီအဖြစ်ဆိုးလိုမျိုး မကြုံပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်။

 

*** သဇင့်စာတွေအားလုံးဟာ ကိုယ်တိုင် အချိန်ပေးပြီး ရေးထားတဲ့ စာတွေဖြစ်တဲ့အတွက် တဆင့်ပြန်လည်မျှဝေချင်တယ်ဆိုရင် credit ပေးဖို့တောင်းဆိုချင်ပါတယ်။(သဇင့်ဆီမှာ တကူးတက ခွင့်တောင်းစရာမလိုပါဘူး။) ဖြစ်နိုင်ရင် မူရင်းအရေးအသားနဲ့ မူရင်းခေါင်းစဉ်ကိုလည်း မဖျက်ဆီးစေချင်ပါဘူး။ chocothazin ဘလော့က တချို့စာတွေကို အွန်လိုင်းရဲ့တခြားနေရာတွေမှာ တွေ့ရတာ ဝမ်းသာရပေမယ့် မူရင်းအရေးအသား၊ မူရင်းခေါင်းစဉ်ကို ဖျက်ဆီးထားတာကို ဝမ်းနည်းစွာတွေ့ရလို့စိတ်ကောင်းပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် စာရေးရတာ ဝါသနာပါတဲ့အတွက် အဆင်ပြေတဲ့ နေရာမှာ အချိန်ရရင်ရသလို ရေးနေဦးမှာပါ။

 

အချိန်ပေးပြီး စာလာဖတ်တဲ့ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်။

In: Others Posted By: Date: Oct 1, 2012
Comment #1

ဖတ်သွားပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Oct 2, 2012
Comment #2

arr pay twar par de

commentinfo By: ei lay at Oct 4, 2012
Comment #3

အသဲကွဲမိုး.. အိလေး .. ကျေးဇူးပါ။

commentinfo By: chocothazin at Oct 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment