Professional Authors

ပြတင်းများ ဖွင့်ထားပါ

လေတိုက်သည်နှင့် အမှိုက်များလွင့်သွား။ခေါင်းစားတိုင်း မင်းမဖြစ်ဘူးဆိုတာ ယုံလိုက်။
မင်း ကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေ ငါကတော့ တိုက်ရလိမ့်မည်။
ငိုက်မြည်းနေသောစာအုပ်ကြီးများ အလန့်တကြားဖြစ်သွားသည်မှာ လူရယ်စရာ။
clickတစ်ချက်နှိပ်လိုက်ရုံနှင့် အချက်အလက်များ သန်းချီရနိုင်။
တစ်ဆယ့်နှစ်ရာသီပန်းများ ပွင့်ပြီ။
ရေခြားမြေခြားမှလာသော အကိုးအကားများနှင့် ငကြွားရောက်လာသည်။
သူနှင့်အတူ ငထူတစ်ယောက် အဖော်သဟဲအဖြစ်လိုက်ပါလာသည်။
သူတို့ (အဆင့်နိမ့်)လွတ်လပ်မှုအကြောင်း အာပေါင်အာရင်းသန်သန်ပြောကြလိမ့်မည်။
သို့မဟုတ် အင်္ဂါစပ်များအကြောင်း မြိန်ရေရှက်ရေ ပြောကြလိမ့်မည်။
သည်းခံ။
အမှန်တရားသည် မြွေနှင့်အတူ ပခြုပ်ထဲ ခွေနေသည်။
မည်သည့်ကမ္ဘာကျော်ဒဿနမှ မင်းကိုယ်ပိုင်ရှာတွေ့ထားသောသဘောတရားလောက် စိတ်မ၀င်စားဟု
ငါအမြဲပြောတတ်သည်။
ငါ့ထက် သူမက အချစ်အကြောင်းကို အဆတစ်ရာပိုသိသည်။
အထက်ပါစာစုသည် စကားလုံးများနှင့်သာ ဖွဲ့စည်းထားခြင်းဖြစ်သည်။

In: Others Posted By: Date: May 29, 2011
Comment #1

အမှန်တရားသည် မြွေနှင့်အတူ ပခြုပ်ထဲ ခွေနေသည်။
မည်သည့်ကမ္ဘာကျော်ဒဿနမှ မင်းကိုယ်ပိုင်ရှာတွေ့ထားသောသဘောတရားလောက် စိတ်မ၀င်စားဟု
ငါအမြဲပြောတတ်သည်။
ငါ့ထက် သူမက အချစ်အကြောင်းကို အဆတစ်ရာပိုသိသည်။
..
ဦးဂျီး အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at May 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment