Professional Authors

စိတ်ဆိုးတယ် . . . ချစ်တယ်

“စောက်ကောင်မ နင့်ကို ငါ စောက်ရမ်းတင်းတယ်”

တကယ်တော့ အဲလိုမပြောခဲ့ပါဘူး ပြောလို့လဲထွက်မှာမဟုတ်ဘူး စိတ်ထဲမှာတော့ အရမ်းဒေါသထွက်ခဲ့ပါတယ်

“စောက်ကောင်မ ငါ နရင်းအုပ်လိုက်လို့ အဲလောက်ပိန်းရလား”

တကယ်တော့ အဲလိုမဆက်ဆံခဲ့ပါဘူး ကိုယ်ချင်းစာလို့ပါ

ငါတစ်ယောက်ထဲ ပေါက်ကရတွေ လျှောက်တွေးနေမိတာ …..

…..

အဲ.. ဒါပေမဲ့ အဲဒီထက် ပိုပြီးပြင်းထန်တဲ့ အပြုအမူတွေနဲ့ တုံ့ပြန်ခဲ့ပါတယ် …

ဘယ်လိုမျိုးလဲဆိုတော့ သူ့ကို ဥပေက္ခာပြုလိုက်တာလေ (သူခေါ်လဲမထူး၊ သူပြောလဲ မဖြေ၊ သူကျွေးလဲ မစား)

နင် ငါ့ကို တကယ်ချစ်ရင် ငါ့ကို အရင် ချော့မှာပါလေ ဆိုတဲ့ အတွေးမျိုးနဲ့ပေါ့ . . .

မချော့လဲ ရသေးတယ် ငါ့ ဥပေက္ခာနဲ့တင် နင် နာကျင်လာမှာပေါ့လေ . . .

ဟုတ်တယ် တကယ်ပဲ နာကျင်တယ်

နင့်ရင်ထဲမှာ နာကျင်လား မနာကျင်လားတော့မသိဘူး နင့်ကို ငါ ဥပေက္ခာပြုလိုက်တဲ့ အချိန်က စပြီး

နင်နဲ့ငါ မတွေ့ရလို့ နင်နဲ့ငါ စကားမပြောရလို့ နင်နဲ့အတူ ဘယ်မှမသွားရလို့ ငါ့ရင်ထဲမှာ နာကျင်နေပြီ သိလား

အင်း . . .

နင့်ကို ငါ ဥပေက္ခာပြုနေတဲ့ အချိန်မှာ ငါတစ်ယောက်ထဲ နာကျင်နေတာ ကိုယ့်ကိုကိုယ် သိလိုက်တယ်

သေချာတယ်

ငါ နင့်ကို အရမ်းချစ်နေတာ . . .

In: Others Posted By: Date: Mar 27, 2011
Comment #1

ကိုယ်ချိန်လိုက်တယ့်မြားဦးကိုယ့်ဆီပြန်ရောက်သွားတယ်ထင်တယ်
ဖြစ်တတ်ပါတယ်……သူမခံစားရခင် ကိုယ်ကတော့နာကျင်တယ်…
အားပေးသွားတယ်နော်….. 🙂

commentinfo By: နှင်းဖွေးလေး at Apr 30, 2011
Comment #2

Rofl
🙂

commentinfo By: ei lay at Jan 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment