Professional Authors

ကြေကွဲသူ.

မျက်ရည်ခံထိုး..မချွဲနွဲ့တတ်ပေမယ့်
အလံဖြုတလွှင့်လွှင့်နဲ့
နင်..ပြန်ချစ်လာမယ့်…
တနေ့ကို..မျှော်လင့်ခဲ့ရတာပါ။

ပကာသနတွေ အထပ်ထပ်
ကာ မပြနိုင်ပေမယ့်
နင်လိုသမျှဖြည့်ဆည်းနိုင်ဖို့
……အပင်ပန်းခံ
ကြိုးစားနေခဲ့တာပါ။

အခုဆို……
ငါသိပ်မြတ်နိုးတဲ့
နင့်မျက်ဝန်းတွေမှာ…..
အခြားသူအရိပ်နဲ့……ကြည်နူးတတ်နေပြီ

ငါ….သိပ်တွယ်တာတဲ့..
နင့်အပြုံးတွေ…
တပါးသူအတွက်…ရည်စူးနေတတ်ပြီ။

ဝေဒနာတွေ…အထပ်ထပ်
ဒဏ်ရာတွေ..နက်သထက်နက်လာပေမယ့်
ဟိုဘက်လှည့်လို့ကြွေ…
မျက်ရည်မိုးတိတ်တဆိတ်
ငါ့ကြောင့် ……နင်
တွေဝေမှု မဖြစ်စေရဘူး….။

ငါသိပ်ချစ်တဲ့..
နင့်နှလုံးသားထဲ…..
ငါမဟုတ်တဲ့သူ…နေရာယူခဲ့ပြီပဲ…..
နှလုံးသား…အသည်းတွေ
တဆစ်ဆစ်နဲ့..နာကျင်ခံစားရသမျှ
အရိပ်တောင်…
မမြင်..မထင်စေခဲ့တာ
ငါ့အတွက်နဲ့ နင်…..ဝေခွဲမရ
မဖြစ်စေနိုင်ဘူး။

 

နင်သာ တကယ်ပျော်ရွှင်မယ်ဆို
2 ဦးလုံးငိုဆွေး ရမယ့်လမ်း….
ဘယ်တော့မှ….ငါမရွေးရက်ခဲ့ဘူး…
ဒီ ပုံပြင်ထဲ…ငါတစ်ဦးသာ
“ကြေကွဲသူ” ဖြစ်ပါစေ…တော့။

In: ကဗျာ Posted By: Date: Feb 9, 2011
Comment #1

ကဗျာက အရမ်းကောင်းတယ်။
အထူးသဖြင့်………….

မျက်ရည်ခံထိုး..မချွဲနွဲ့တတ်ပေမယ့်
အလံဖြုတလွှင့်လွှင့်နဲ့
နင်..ပြန်ချစ်လာမယ့်…
တနေ့ကို..မျှော်လင့်ခဲ့ရတာပါ။

ပကာသနတွေ အထပ်ထပ်
ကာ မပြနိုင်ပေမယ့်
နင်လိုသမျှဖြည့်ဆည်းနိုင်ဖို့
……အပင်ပန်းခံ
ကြိုးစားနေခဲ့တာပါ။

commentinfo By: နွေ at Feb 9, 2011
Comment #2

ငါသိပ်ချစ်တဲ့..
နင့်နှလုံးသားထဲ…..
ငါမဟုတ်တဲ့သူ…နေရာယူခဲ့ပြီပဲ…..
နှလုံးသား…အသည်းတွေ
တဆစ်ဆစ်နဲ့..နာကျင်ခံစားရသမျှ
အရိပ်တောင်…
မမြင်..မထင်စေခဲ့တာ
ငါ့အတွက်နဲ့ နင်…..ဝေခွဲမရ
မဖြစ်စေနိုင်ဘူး။
အရမ်းကောင်းပါတယ် …….. အားပေးသွားပါတယ် 😛

commentinfo By: apollo at Feb 9, 2011
Comment #3

ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်.. အဲလောက်ချစ်ရတာလားကွယ်..

commentinfo By:ံHORIZON at Feb 10, 2011
Comment #4

အားပေးတဲ့မောင်နှမများအားလုံး ကို ကျေးဇူးအများကြီးတင်ပါတယ်…..

commentinfo By: အသဲကွဲမိုး at Feb 10, 2011
Comment #5

ဝေဒနာတွေ…အထပ်ထပ်
ဒဏ်ရာတွေ..နက်သထက်နက်လာပေမယ့်
ဟိုဘက်လှည့်လို့ကြွေ…
မျက်ရည်မိုးတိတ်တဆိတ်
ငါ့ကြောင့် ……နင်
တွေဝေမှု မဖြစ်စေရဘူး….။
မမိုး အားပေးသွားပါတယ်… စိတ်မကောင်းစ၇ာပဲ…ဖတ်၇တာ

commentinfo By: genius.jinx28 at Feb 10, 2011
Comment #6

မမိုးရေးတဲ.ကဗျာလေးတွေကခံစားချက်ခြင်းတိုက်ဆိုင်မိတယ်။
မမိုးရေးတဲ.ကဗျာအားလုံးကောင်းတယ်
အားပေးနေတယ်နော်။

commentinfo By: sawmyawadi at Mar 18, 2011
Comment #7

မမိုးရေးလိုက်တိုင်းကွဲနေတာပဲနော် .ဟီးးးးးးးးးးးးးးးးးအသည်းပြောတာ.. ။

commentinfo By: chityellusoelay at Aug 18, 2011
Comment #8

အခုဆို……
ငါသိပ်မြတ်နိုးတဲ့
နင့်မျက်ဝန်းတွေမှာ…..
အခြားသူအရိပ်နဲ့……ကြည်နူးတတ်နေပြီ

ငါ….သိပ်တွယ်တာတဲ့..
နင့်အပြုံးတွေ…
တပါးသူအတွက်…ရည်စူးနေတတ်ပြီ။
…………………………………
မမိုးရေးတဲ့ ကဗျာအားလုံးက ခံစားချက်နဲ့ထပ်တူနီးပါးကိုကြတယ်….
အားပေးနေပါတယ်……….မအသဲကွဲမိုး

commentinfo By: နွေ at Mar 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment