Professional Authors

frustration

ကြည်နူးမှုတွေနဲ့ပြည့်နေတဲ့
အိပ်မက်တစ်ခုဟာ
ကြေကွဲမှုတွေရောယှက်နေတဲ့
သက်ပြင်းရှိုက်သံတစ်ချက်ကြောင့်
လန့်နိုးသွားခဲ့တရ် …
မရေရာမှုတွေများပါလျက်ကယ်နဲ့
ဒီနိယာမ က အမှန်ဆိုပြီး
လူတွေသတ်မှတ်ကြတရ် …
ပိုင်ဆိုင်မှုတစ်စုံတစ်ရာမရှိပဲနဲ့

ဆုံးရှုံးရမှာကို ငါကြောက်နေတရ် …

ထွက်သက်ဝင်သက်ကို
ပိုင်းခြားထားတဲ့ သက်ပြင်းတစ်ချက်ကို
ခပ်သဲ့သဲ့ရှိုက်သွင်းတရ် …
နေရာမကျတဲ့အလွမ်းဆိုတာလည်း
စိတ်အိုက်မှုတွေနဲ့
ပေါင်းစပ်ထားတဲ့ ပန်းချီကားတစ်ချပ်လိုပဲ
ချည့်နဲ့နေတဲ့ အတွေးတွေကို
ထောက်ကန်ပေးဖို့
မျှော်လင့်ချက်ခပ်ရေးရေးလေးရှိတရ် …
ေ၀၀ါးနေတဲ့ ပစ္စုပန်ကိုစိတ်နာတိုင်း
ပျော်ရွှင်မှုတွေပိုင်ဆိုင်ခဲ့ဖူးတဲ့
အတိတ်ကိုငါ ပြန်တမ်းတတရ် …
အမှန်အတိုင်းပြောရရင်
အလွမ်းအဆွေးတွေနဲ့ ထောက်တည်ရာမရနိုင်တဲ့
အနာဂတ်ကို
ပြေးတွေ့နိုင်ဖို့လည်းခြေလှမ်းတွေက
အားလျော့နေတရ် …
မသေချာလှတဲ့ လောကအလှည့်အပြောင်းနောက်ကွယ်မှာ
ငါအသက်ရှင်ကျန်နေမလားဆိုတာလည်း
မရေရာဘူး
ဟုတ်ပါတရ်လေ…
ဆောင်းလေအေးတစ်ချက်အတိုက်မှာ
ခံစားချက်တွေဖရိုဖရဲ ဖြစ်ကုန်တာ
ဘယ်သူ့ပယောဂမှ မပါခဲ့ဘူး …
အခုအချိန်ထိမရင့်ကျက်နိုင်သေးတာလည်း
အစွဲအလမ်းကြီးတဲ့ ငါ့စိတ်ကြောင့်
ဒါမှမဟုတ်ရင်
Darwin ပြောတဲ့ evolution theory က
ငါနဲ့မသက်ဆိုင်ခဲ့လို့ပေါ့ …
ဘာပဲဖြစ်ဖြစ်ပါ
မရေရာခြင်းရဲ့နောက်ကွယ်မှာ
သေချာခြင်းဆိုတာရှိတရ် …
ပေးဆပ်တတ်သူအတွက်လည်း
နားလည်ပေးမယ့်နှလုံးသားတစ်ခုလည်း
ရှိမှာပါပဲ …
နင်ပျော်ဖို့တစ်ခုတည်းအတွက်နဲ့
စွန့်လွှတ်ခဲ့ရတဲ့ ငါ့ခံစားချက်တွေအတွက်ရော
ညီမျှတဲ့အလျော်အစားက ဘာများပါလိမ့် ……….!!!!!!!!!!!!
In: ကဗျာ Posted By: Date: Feb 8, 2011
Comment #1

ဆောင်းလေအေးတစ်ချက်အတိုက်မှာ
ခံစားချက်တွေဖရိုဖရဲ ဖြစ်ကုန်တာ
ဘယ်သူ့ပယောဂမှ မပါခဲ့ဘူး …
အခုအချိန်ထိမရင့်ကျက်နိုင်သေးတာလည်း
အစွဲအလမ်းကြီးတဲ့ ငါ့စိတ်ကြောင့်
ကောင်းလို့အားပေးသွားတယ် apollo 😀

commentinfo By: အသဲကွဲမိုး at Feb 8, 2011
Comment #2

ကျေးဇူးပါပဲ မိုးရေ 😛

commentinfo By: apollo at Feb 9, 2011
Comment #3

ကျေးဇူးပါ မိုး 😛

commentinfo By: apollo at Feb 9, 2011
Comment #4

နင်ပျော်ဖို့တစ်ခုတည်းအတွက်နဲ့
စွန့်လွှတ်ခဲ့ရတဲ့ ငါ့ခံစားချက်တွေအတွက်ရော
ညီမျှတဲ့အလျော်အစားက ဘာများပါလိမ့် ……….. အင်း လာများပါလိမ့်နော် ,,, အားပေးသွားတယ် apollp 🙂

commentinfo By: rabbit at Feb 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment