Professional Authors

ကဗျာဆရာတီးတဲ့ စောင်း

ပစ်စလတ်ခတ် ငိုချလိုက်တဲ့အခါ

ပုခုံးပေါ့သွားတယ် …

သားလေးရယ် … အိပ်ပါတော့ကွယ် …

ကျောသတ်တယ် … ကျောသတ်တယ် … ပျားရည်လူးတဲ့ ချိုမြိန်လက်ပြင်တစုံလေ …

အမေ … ပေးခဲ့တာ …

(ငါ့နာမည်) ရယ် အိပ်ပါတော့ …

ကျောသတ်တယ် … ကျောသတ်တယ် … ပျားရည်လူးတဲ့ ဓားသွားတွေ …

ကြည့်ရတာ မျက်စိ အရမ်းစူးကျိန်းတယ် …

အရာအားလုံး တ၀က်တပျက်ဆုံးနှမ်းသွားပါပြီ …

ပြာပြာနှမ်းနှမ်း တိမ်စစ်သည်တို့ ပျံပျံသန်းသန်း … နဲ့ …

မျက်ဝန်းအိမ်တို့ နွမ်းလဲ့ခဲ့တယ် …

ပိဋိကတ်သုံးပုံ …

သမ္မာကျမ်းစာ …

ကိုရမ်ကျမ်းစာ …

ရှိရှိသမျှ ကျမ်းတွေ အားလုံးကို လေးလေးနက်နက်ကိုင်ပြီး ကျိန်ဆိုရဲပါတယ် …

အဲဒီ အပြုံးချိုတဲ့ ကောင်မလေးတသိုက်ကို

ဘယ်တုန်းကမှ ဟုတ်တိပတ်တိ မမုန်းခဲ့ဖူးပါဘူး …

အသက်မပါတဲ့ နှုတ်ခမ်းနဲ့ လူလုပ်ရတာ မျက်နှာပွင့်သားပဲ …

ဟိုတလောကပဲ ကောင်မလေးတယောက်ကို နှုတ်ခမ်းသေနဲ့ နမ်းခဲ့တယ် …

မတုန်လှုပ်ပါဘူး … ကျွန်တော့်မျက်လုံးထဲ သူတို့နာမည်စာရင်းတွေ ရှိနေတဲ့အတွက် …

နှုတ်ခမ်းစူတာလောက်တော့ ပျင်းတောင် ပျင်းသေးတယ် …

အခုတလော …

ကျွန်တော်တို့တွေ လိမ္မာလိုက်ကြတာ …

လိမ္မာတယ် … ဆိုတာတောင် မပြောဖြစ်ကြတော့ဘူး …

၁ဝး၂၂ ည၊

၅၊ ၁၊ ၁၁

လျံနိုး

In: ကဗျာ Posted By: Date: Feb 7, 2011
Comment #1

အားပေးသွားပါတယ်ခင်ဗျာ .. ။

commentinfo By: chityellusoelay at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment