Professional Authors

ဟေမန်မိုး

နှလုံးမြစ်ရေ ၊ လျှံသောခါဝယ်
ဦးနှောက်တံတိုင်း ၊ ဘယ်သို့ကာဆီး
တားနိုင်မလဲ။

သူနဲ့ဆုံမှ ကြုံဖူးခဲ့တဲ့
ဒီခံစားချက်…

ဆောင်းဟေမန်မှာ ခေတ္တခဏ
သည်းတဲ့မိုးလား…

ခံစားရသူ ဒီလူ့ရင်မှာ
ရူးသွပ်မတတ် ရိုးတွင်းဆိမ့်အောင်
ခိုက်ခိုက်တုန်လည်း
ဒီပန်းမာလာ ၊ ခိုင်လုံးလန်းစေ
တမြတ်တနိုး ၊ နွေးထွေးစေရန်
ထွေးပိုက်လိုလေ
မြတ်ဘုရားရှေ့ သစ္စာပြုသည်
သည်မကြွေပန်း ထာဝရဝေ
ပွင့်နိုင်စေကြောင်း…

In: ကဗျာ Posted By: Date: Jan 25, 2011
Comment #1

မြတ်ချွာဖျား ဘုရားပါဆွဲထည့်ကုန်ပီ 😛

commentinfo By: သြရသ at Jan 25, 2011
Comment #2

ဟေမာန်တွေတော်တော်ပေါနေတာပဲ…ဟဲဟဲ

commentinfo By: အသဲကွဲမိုး at Jan 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment