Professional Authors

သက်သေပြတဲ့အချစ်

  ငါတို့နှစ်ယောက်ရဲ့ဘ၀က

  မဖြစ်နိုင်မှန်းသိပေမဲ့

  အဲ့ဒီအသိတရားတွေကို

  ငါရဲ့ချစ်ခြင်းတရားတွေက

  မဟန့်တားနိုင်ဘူးချစ်သူ  ။

  မချစ်ဖူးသူမို့

  အချစ်ရူးပဲဆိုချင်ဆို

  အချစ်ရူးဖြစ်ခဲ့ရင်တောင်

  ချစ်ဖူးတဲ့လူသားတိုင်း

  နားလည်ပေးပါ  ။

  နှစ်,လ,ရက်တွေက

  ပြောင်းလဲနေပေမဲ့

  မပြောင်းလဲနိုင်သေးတဲ့

  ငါ့ရဲ့အချစ်တွေကိုတော့

  အသိအမှက်ပြုပေးစေချင်တယ်  ။

  ကဗျာလည်းမဆန်

  ကာရန်လည်းမမှန်ပေမဲ့

  မူမှန်မှန်နေတဲ့ချစ်တွေက

  ငါ့ရဲ့သက်သေပါချစ်သူရယ်  ။  ။

In: ကဗျာ Posted By: Date: Jan 24, 2011
Comment #1

ကဗျာလည်းမဆန်

ကာရန်လည်းမမှန်ပေမဲ့

မူမှန်မှန်နေတဲ့ချစ်တွေက

ငါ့ရဲ့သက်သေပါချစ်သူရယ် ။ ။

commentinfo By: အသဲကွဲမိုး at Jan 24, 2011
Comment #2

ကောင်းတယ်ဗျာ.. အားပေးနေတယ်

commentinfo By: genius.jinx28 at Jan 24, 2011
Comment #3

Nothing is impossible.

commentinfo By: ei lay at Dec 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment