Professional Authors

နင်ဖန်ဆင်းခဲ့တဲ့ငါ

ဘာမှတော့မဟုတ်ခဲ့ပါဘူး…
မပြောဖြစ်ခဲ့တဲ့စကားလုံးတွေအတွက်
ငါ့ကိုအားမရတဲ့ နင့်ကိုသိစေချင်တယ်…

သတ္တိမရှိတာ မဟုတ်ပါဘူး
နင်ငြင်းပယ်မှာကို မခံစားနိုင်လို့ပါ…

အေးတိအေးစက်နေတတ်တာ မဟုတ်ပါဘူး
နင့်အကြောင်းတွေးရင် ဘာကိုမှမစဉ်းစား၊ မလုပ်ကိုင်နိုင်လို့ပါ…

သိုဝှက်တတ်တာ မဟုတ်ပါဘူး
နင့်ကို ပူပန်မှုတွေ မမျှဝေရက်လို့ပါ…

သွေးအေးတာ မဟုတ်ပါဘူး
နင့်ကို ဒီ့ထက်ပိုခံစားရအောင် မလုပ်ရက်လို့ပါ… 

ရက်စက်တတ်တာ မဟုတ်ပါဘူး
နင်ငါ့ကိုလွမ်းပြီး ညှိုးနွမ်းနေမှာ မကြည့်ရက်လို့ပါ…

ပျော့ညံ့တယ်လို့ပဲဆိုဆို… အရည်အချင်းမရှိဘူးပဲပြောပြော
ငါအတွက် အရာအားလုံးဟာ နင့်ကြောင့်ဖြစ်ပေါ်လာရတာပါ…

                                                                      လေလွင့်ငှက် 

In: ကဗျာ Posted By: Date: Jan 20, 2011
Comment #1

ကဗျာလေးကောင်းတယ်
(ဘ၀မှာဒါဏ်ရာတွေပါမှ ကျဗျာတွေလှတတ်တယ်တဲ့)
း)

commentinfo By: ms smile at Jan 20, 2011
Comment #2

အင်း ဟုတ်တယ် ထောက်ခံတယ်……… အရာအားလုံးစာ သူ့အလိုလို ဖြစ်ပေါ် လာတတ်တယ်ဆိုတာကို…

Comment #3

သတ္တိမရှိတာ မဟုတ်ပါဘူး
နင်ငြင်းပယ်မှာကို မခံစားနိုင်လို့ပါ…
ကောင်းတယ် … အားပေးနေတယ်….

commentinfo By: gadounlay at Jan 20, 2011
Comment #4

သတ္တိမရှိတာ မဟုတ်ပါဘူး
နင်ငြင်းပယ်မှာကို မခံစားနိုင်လို့ပါ… သိပ်ကိုကောင်းပါတယ်

commentinfo By: sharon myorr myor at Sep 1, 2011
Comment #5

aww,,,,
aww..
aww…

commentinfo By: ei lay at Sep 1, 2011
Comment #6

🙁
🙁
🙁
🙁
🙁

commentinfo By: ei lay at Jun 27, 2012
Comment #7

I Like…………………………………………..

commentinfo By: moethurain1978 at Jul 21, 2012
Comment #8

wow…..cool

commentinfo By: shine lat nwe oo at Jul 30, 2012
Comment #9

ကြိုက်တယ်ဗျာ ကျွန်တော်အ ဖြစ်နဲ့ တိုက်ဆိုင်တယ်

commentinfo By: Wai Htoo Kyaw at Feb 19, 2013
Comment #10

I like it

commentinfo By: Second Two at Mar 5, 2013
Comment #11

ပျော့ညံ့တယ်လို့ပဲဆိုဆို… အရည်အချင်းမရှိဘူးပဲပြောပြော
ငါအတွက် အရာအားလုံးဟာ နင့်ကြောင့်ဖြစ်ပေါ်လာရတာပါ…

ဒီစာသားလေးကြိုက်တယ် ကူးသွားပီနော်
ကဗျာတော်တော်များများက ဂျူးခံစားချက်နဲ့တိုက်ဆိုင်တယ်
ကဗျာကိုမြတ်နိုးတဲ့သူအချင်းချင်း ခင်မင်ချင်ပါတယ် ခံစားချက်တွေဖလှယ်ရင်းပေါ့
ကဗျာရေးတဲ့ပုံစံကိုလဲ အရမ်းနှစ်သက်ပါတယ်

commentinfo By: juejue at Apr 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment