Professional Authors

ဖြေခဲ့ပါ

ဖြစ်ချင်တာကိုသိနေပြီး

မဖြစ်နိုင်မှန်းလဲသိနေတော့

ငါဘယ်လိုလုပ်ရမလဲကွယ်

တကယ်ဆိုရင်

အချစ်ပဲ လိုတယ်တဲ့လား

ငါတို့နှစ်ယောက်ရဲ့

အချစ်တွေက

ငါတို့ကိုယ်တိုင်

ကြောက်ရလောက်အောင်

ခိုင်မာနေတော့လဲ

ဘယ်လိုလုပ်မလဲကွယ်

အချစ်တစ်ခုတည်းနဲ့

ဘ၀ကိုတည်ဆောက်လို့

မရမှန်းသိပါတယ်

အချစ်မပါပဲနဲ့ရော

ဘ၀ဟာတည်ဆောက်လို့

ရနေသလားကွယ်

သတိမရသင့်တာတွေ

သတိရနေမှာစိုးလို့

ငါ့အာရုံကိုရွှေ့နေရတာလဲ

ပင်ပန်းလှပါပြီ

ဒါပေမယ့်

မအောင်မြင်ပါဘူး

အလဲလဲအကွဲကွဲပါပဲ

ငါရိုးရိုးလေးပဲသိချင်တာပါ

အဖြေပေးခဲ့ပါဦးဟာ

ငါဘယ်လိုနေခဲ့ရမလဲ

နင့်စိတ်ငါ့ဆီရောက်နေတယ်လို့

တွေးမိရင် ငါငိုမိတယ်

နင်တစ်ခြားတစ်ဖက်မှာပျော်နေပြီလို့

တွေးမိရင် ငါရင်နာတယ်

အဲဒါကြောင့်

အဖြေလေးတော့ ပေးခဲ့ပါဟာ

ငါဘယ်လိုနေမှ နင့်ကိုမေ့မှာလဲ

In: ကဗျာ Posted By: Date: Jan 12, 2011
Comment #1

နင့်စိတ်ငါ့ဆီရောက်နေတယ်လို့

တွေးမိရင် ငါငိုမိတယ်

နင်တစ်ခြားတစ်ဖက်မှာပျော်နေပြီလို့

တွေးမိရင် ငါရင်နာတယ်

အဲဒါကြောင့်

အဖြေလေးတော့ ပေးခဲ့ပါဟာ

ငါဘယ်လိုနေမှ နင့်ကိုမေ့မှာလဲ
မေ …ေ၇ အ၇မ်းကောင်းပါတယ် ။အားပေးသွားပါတယ်…..

commentinfo By: genius.jinx28 at Jan 12, 2011
Comment #2

နင့်စိတ်ငါ့ဆီရောက်နေတယ်လို့

တွေးမိရင် ငါငိုမိတယ်

နင်တစ်ခြားတစ်ဖက်မှာပျော်နေပြီလို့

တွေးမိရင် ငါရင်နာတယ်

commentinfo By: eros at Jan 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment