Professional Authors

နှစ်သစ်အပေးအယူ

မနက်၊ည မနက်၊ည နဲ့
သက်ပြင်းတွေ ခါခါချ၊. 

တစ်ရက် တစ်ရက် ထပ်ပေါင်းထည့်ရင်း
မကြာသလိုအချိန်တွေနဲ့
တစ်နှစ်ဆိုတာ ပြည့်တဲ့ရက်
ရောက်ခဲ့ရပြန်ပြီ။

အလွမ်း၊ အကြမ်း၊ ကြည်နူးခန်းတွေ
အငို၊ အရီ အစုံစီတဲ့ ဘ၀လမ်း
မနက်ဖန်ဆို နောက်နှစ်ကို စလှမ်းလေပြီ။.

ကျန်ခဲ့တာတွေရော၊ ပါလာတာတွေရော
စုပြုံသိမ်းဆည်း
ရှေ့တစ်လှမ်းတော့
ငါ… တိုးရဲပါတယ်။

ကဲ….၂၀၁၁ ကြီးရေ
             မရောက်ခင် ကြိုနှုတ်ဆက်တယ်
             ရုပ်မပျက်အောင်တော့ ကူညီဗျာ။

In: ကဗျာ Posted By: Date: Dec 31, 2010
Comment #1

တော် တော် ကောင်း တဲ့ ကဗျာ လေး ပဲ… …….ကျွန်တော် ကြိုက် လို့ fb မှာ share လိုက် ပြီဗျာ:)

commentinfo By: Demon 13 at Dec 31, 2010
Comment #2

ဟုတ်တယ်ဗျ…ကျွန်တော်လဲကြိုက်တယ်… 🙂

commentinfo By: ic23u0 at Jan 1, 2011
Comment #3

ကောင်းတယ်….. ဟုတ်တယ် အေဘီစီရေ

Comment #4

ရုပ်မပျက်အောင် ဘယ်လို ကူညီမှာလဲဟင်………….
နည်းလမ်းရှိရင် နဒီ့ ကို လဲပေးပါလို့

commentinfo By: layykyoe at Jan 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment