Professional Authors

” အင်တာဗျူး “

ဖြစ်ချင်တာ တခုပြောပါ
ကောင်းပါပြီ
သေမင်းနဲ့ အတူ ဖဲရိုက်ချင်ပါတယ်
အသက်ကို လောင်းကြေးထပ်ပြီးတော့ပေါ့

အလိုချင်ဆုံး တခုပြောပါ
ဟုတ်ကဲ့
ဘာမှ မလိုချင်ပါဘူး
( ထိန်းသိမ်းရမှာ ကျွန်တော် ပျင်းတယ် )

အတမ်းတဆုံး တခုပြောပါ
တဆိတ်လောက် ဝေးဝေးနေပေးပါ
ဖြစ်နိုင်ရင်
ခင်ဗျားမေးခွန်းကိုတောင် မတမ်းတချင်ဘူး

အချစ်ဆုံးအရာကို ပြောပါ
ဗျာ …. …
အချစ်ဆုံး ဟုတ်လား
အချစ်ဆိုတာ ဘာလဲ

အမုန်းဆုံးအရာကို ပြောပါ
… … ….
… … …အဖြေမရှိပါ
ကျေးဇူးတင်ပါတယ်

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jul 5, 2009  
Comment #1

ထိန်းသိမ်းရမှာ ပျင်းတယ်ဆိုတာလေးကို ကြိုက်တယ်ဗျာ။

commentinfo By: thettwe at Jul 9, 2009
Comment #2

ချီရွန်ရေ .. ထိန်းသိမ်းဖို့ရာ ပျင်းပေမဲ့ ..
မထင်မှတ်ပဲ နောက်တစ်ယောက် ထပ်ရပြန်တယ်
ချစ်တဲ့
မ’

commentinfo By: Ma Ma Thet at Jul 25, 2009
Comment #3

အဖြေမရှိပါ
ကျေးဇူးတင်ပါတယ်

commentinfo By: sharon myorr myor at Oct 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment