Professional Authors

ဘ၀ပေတံ

ဖန်ချိုကျစိမ့်မျက်နှာလေး

မနက်ခင်းတိုင်း

ဘယ်စာမျတ်နှာအောက် သွားပုန်းနေလဲ

ဘ၀စာမျတ်နှာတွေ

တစ်ရွက်ပြီးတစ်ရွက် လှန်နေမိ

အင်အားမဲ့ လက်ချောင်းများ

ဘယ်သောင်ကမ်း ဆိုက်မယ်မသိတဲ့

စိတ်ကူးယဉ်ဆန်ဆန် အတွေးများ

ဘယ်အရာကို

ကဗျာဆန်ဆန် ကိုင်တွယ်ရမလဲ

လူတိုင်းလူတိုင်း

ကိုယ့်ပေတံနဲ့ကိုယ်

ဘ၀ခရီးတွေကို သွားနေကြတာပဲ

ငါ့ဘ၀ရဲ့ သမိုင်းစာမျတ်နှာဟာ

တစ်ရွက်မပြည့်ခင်

အဆုံးသက်ခံခဲ့ရတယ်

အပုတ်ချခံခဲ့ရတယ်

နောက်ဆုံး

အမြင့်ဆုံးတင်ပြီးမှ ပစ်ချခံခဲ့ရတယ်

“မင်းခန့်သူ´´ဆိုတဲံ ကောင် ဘာအသုံးဝင်သလဲတဲ့

ငါ့ကိုယ်ငါ မေးကြည့်တော့

ငါဟာငါပဲ ဘာမှအသုံးမ၀င်တဲ့အကောင်

အရာရာကို ကိုယ်စိတ်နဲ့နိုင်း

ရိုင်းနေခဲ့တဲ့ကောင်

နောက်ဆုံးတော့

မှုန်ပြပြ အလင်းရောင်အောက်မှာပဲ

ငါ့ပေတံကိုငါ တိုင်းတာကြည့်နေမိတယ် ။ ။

Comment #1

မင်းခန့်သူ´´ဆိုတဲံ ကောင် ဘာအသုံးဝင်သလဲတဲ့

ငါ့ကိုယ်ငါ မေးကြည့်တော့

ငါဟာငါပဲ ဘာမှအသုံးမ၀င်တဲ့အကောင်

အရာရာကို ကိုယ်စိတ်နဲ့နိုင်း

ရိုင်းနေခဲ့တဲ့ကောင်

နောက်ဆုံးတော့

မှုန်ပြပြ အလင်းရောင်အောက်မှာပဲ

ငါ့ပေတံကိုငါ တိုင်းတာကြည့်နေမိတယ် ။ ။

ပေတံနှင့် အခါခါ မတိုင်းပါနဲ့ ရင်မောရတတ်တယ်။ အရှိကိုပဲ ပျှမ်းမျှတွက်ဆလိုက်တာ အကောင်းဆုံးပဲ။ ….

commentinfo By: နရီထက် at Dec 24, 2010
Comment #2

ဟုတ်တယ်..တိုင်းနေရင်…ရင်မောနေရမယ်..ဒီတိုင်းလေးပဲကောင်းပါတယ်…အတိုင်းတာတွေမရှိဘဲနဲ့ပေါ့

commentinfo By: ရွှေငါး at Dec 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment