Professional Authors

မင်းသိပါစေ…..

ယုံတမ်းစကားတွေပြောပြီး
အပျော်တမ်းရည်းစားထားတဲ့ မင်းကို
အယုံလွယ်တဲ့ နှလုံးက ချစ်ခဲ့မိတာ ငါ့အမှားပေါ့…။
မာယာတွေ တစ်လှေကြီးနဲ့

ငြိမ်သက်နေတဲ့ ငါ့ဘဝပင်လယ်ပြင်ကို
လှိုင်းဂယက်တွေထ မုန်တိုင်းထန်အောင်မင်းလုပ်ခဲ့…။
ချစ်ပါတယ်ဆိုတဲ့ မင်းက
မကြင်နာ ပြစ်တင်စကားတွေနဲ့မာယာတွေသုံးပြီး
ငါ့ရင်ကိုမီးလောင်တိုက်သွင်းတာ အပြုံးတောင်မပျက်ဘူးနော်…။
ပြစ်ခွာသွားတဲ့ မင်းက
ကလောင်စွမ်းကိုပြ နာကျဉ်းကဗျာတွေ
ရေးနေလိုက်တာလူတွေအမြင်မှာ ငါက လူကြမ်းကြီးပေါ့…။
အတိတ်ဆိုတာတွေကိုတူးဖော်
မင်းရဲ့နာကျဉ်းကဗျာတွေနဲ့
ငါ့ကိုမနှိပ်စက်ပါနဲ့လား…။
အခုတော့ အတိတ်ဆိုတဲ့ ဆေးခါးကို
ကျိတ်မှိတ်သောက်လို့ အိပ်ပျက်တဲ့ညတွေဆိုတာ
ငါ့အတွက် အဆန်းမဟုတ်တော့ပါဘူး…။
ပြတ်ဖို့လွယ်သလောက်
ဖြတ်ဖို့ခက်တဲ့ သံယောဇဉ်ကြိုးတွေကြောင့်
အချစ်ကြီးပေမဲ့ ငါ အမျက်မကြီးခဲ့ပါဘူး…။
မင်းကို မမုန်းခဲ့ပေမဲ့ တစ်လမ်းမောင်း
စနစ်လို ငါ့ရင်က ထွက်ခွာသွားတဲ့မင်းအတွက်
ပြန်လှည့်ခွင့်မရှိတော့တာကို မင်းသိဖို့ကောင်းတယ်…။
အယောင်ဆောင် သာယာမှု့တွေကြား
မင်းပျော်ပါစေလို့ ဆုတောင်းရင်း
ဒါဏ်ရာနဲ့ငါ့နှလုံးသားကို ထာဝရ သော့ခတ်ထားလိုက်မယ်…။
အနှောင်အဖွဲ့ကင်းစွာနဲ့
မင်းတယောက် အေးချမ်းစွာပျော်ရွှင်ပါစေ…။

In: ကဗျာ Posted By: Date: Dec 21, 2010
Comment #1

အယောင်ဆောင် သာယာမှု့တွေကြား
မင်းပျော်ပါစေလို့ ဆုတောင်းရင်း
ဒါဏ်ရာနဲ့ငါ့နှလုံးသားကို ထာဝရ သော့ခတ်ထားလိုက်မယ်…။
အနှောင်အဖွဲ့ကင်းစွာနဲ့
မင်းတယောက် အေးချမ်းစွာပျော်ရွှင်ပါစေ…။

တကယ်ပဲလားမိုးစက်ရာ။ ထာဝရကိုသော့ခတ်ပြီလားကွာ။ ပြန်လာချင်တယ်လို့ပြောရင်ကောကွာ……. 🙂

commentinfo By: moezat at Dec 21, 2010
Comment #2

အခုတော့ အတိတ်ဆိုတဲ့ ဆေးခါးကို
ကျိတ်မှိတ်သောက်လို့ အိပ်ပျက်တဲ့ညတွေဆိုတာ
ငါ့အတွက် အဆန်းမဟုတ်တော့ပါဘူး…။
ပြတ်ဖို့လွယ်သလောက်
ဖြတ်ဖို့ခက်တဲ့ သံယောဇဉ်ကြိုးတွေကြောင့်
အချစ်ကြီးပေမဲ့ ငါ အမျက်မကြီးခဲ့ပါဘူး…။

ကောင်းပါသည်။

commentinfo By: နရီထက် at Dec 22, 2010
Comment #3

ဟုတ်ကဲ့…….ကျေးဇူးပါဗျာ

commentinfo By: မိုးစက် at Dec 22, 2010
Comment #4

ယုံတမ်းစကားတွေပြောပြီး
အပျော်တမ်းရည်းစားထားတဲ့ မင်းကို
အယုံလွယ်တဲ့ နှလုံးက ချစ်ခဲ့မိတာ ငါ့အမှားပေါ့…။
ကြိုက်တယ်ဗျို့
အားပေးသွားတယ်နော်
5 မိနစ်ကြိးတောင် ကြာတယ်ဗျ

commentinfo By: မင်းခန့်သူ at Dec 22, 2010
Comment #5

ကောင်းလွန်းပါတယ်ဗျာ .. တိုက်ဆိုင်မှုတွေကြောင့် စာသားအားလုံးကို ကြိုက်ပါတယ်ဗျာ

Comment #6

အယောင်ဆောင် သာယာမှု့တွေကြား
မင်းပျော်ပါစေလို့ ဆုတောင်းရင်း
ဒါဏ်ရာနဲ့ငါ့နှလုံးသားကို ထာဝရ သော့ခတ်ထားလိုက်မယ်…။
အနှောင်အဖွဲ့ကင်းစွာနဲ့
မင်းတယောက် အေးချမ်းစွာပျော်ရွှင်ပါစေ…။
ကောင်းလိုက်တာဗျာ… ကိုမိုးေ၇စက်ေ၇…

commentinfo By: genius.jinx28 at Dec 22, 2010
Comment #7

ဒါဏ်ရာနဲ့ငါ့နှလုံးသားကို ထာဝရ သော့ခတ်ထားလိုက်မယ်…။

တိုက်ဆိုင်မှုတစ်ခုအတွက်……တိုက်တိုက်ဆိုင်ဆိုင်ပဲ
ဝင်ရောက်အားပေးသွားပါတယ်ဗျာ

commentinfo By: moehtetaung18 at Dec 22, 2010
Comment #8

very nice … love this poem

commentinfo By: Myat Noe at Dec 25, 2010
Comment #9

He….he…
Sate ma soe yin ne ne lout wai phan chin like Dar naw.
😛
Lone wa ma Kike nyi ta lo g khan sarr ya loh par.
He..he.

commentinfo By: ei lay at Dec 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment