Professional Authors

မပိုင်ပေမယ့် ဆိုင်နေတယ်

ဖမ်းဆုပ်လိုက်ပါ
အတိတ်ဆိုတာ အငွေ့မှန်းသိအောင်
ဝမ်းနည်းမနေနဲ့
မင်းဖြတ်ကျော်ထားခဲ့တာ မရည်ရွယ်ခြင်းတွေ
ခွင့်လွှတ်ခြင်း ၊ စွန့်လွှတ်ခြင်း
ရာဇ၀င်ထဲက အလွမ်းဇာတ်တစ်ပုဒ်
ငိုချင်ငိုလိုက်
မျက်ရည်ဆိုတာ သက်သေတစ်ရပ်
သေချာခဲ့တာ မင်းမမှားခဲ့ဘူး
လမ်းရွေးပြီးရင် ကျောခိုင်းလိုက်တော့
ဆက်လျှောက်ရမှာဝေးတယ်
သံသယဆိုတာ လမ်းခွဲပြီးရင် ပြီးတယ်
ရယ်ချင်ရင်တော့ ရယ်လိုက်
ပေါ့ပါးခြင်းတွေ အခမဲ့ဝေမျှနေပြီ
အနာဂတ်ဆိုတာ မပိုင်ပေမယ့် ဆိုင်နေရတာပဲမို့ ။  ။

In: ကဗျာ Posted By: Date: Dec 20, 2010
Comment #1

ဖမ်းဆုပ်လိုက်ပါ
အတိတ်ဆိုတာ အငွေ့မှန်းသိအောင်
ဝမ်းနည်းမနေနဲ့
မင်းဖြတ်ကျော်ထားခဲ့တာ မရည်ရွယ်ခြင်းတွေ
ခွင့်လွှတ်ခြင်း ၊ စွန့်လွှတ်ခြင်း
ရာဇ၀င်ထဲက အလွမ်းဇာတ်တစ်ပုဒ်
ငိုချင်ငိုလိုက်
မျက်ရည်ဆိုတာ သက်သေတစ်ရပ်
သေချာခဲ့တာ မင်းမမှားခဲ့ဘူး

commentinfo By: နရီထက် at Dec 20, 2010
Comment #2

ကိုမိုးလူ အားပေးသွားတယ် နော် အနာဂတ်ဆိုတာ မပိုင်ပေမဲ့ ဆိုင်နေတာပဲ နော် ဟုတ်သားပဲ ဗျာ..

commentinfo By: genius.jinx28 at Dec 20, 2010
Comment #3

လမ်းရွေးပြီးရင် ကျောခိုင်းလိုက်တော့
ဆက်လျှောက်ရမှာဝေးတယ်
သံသယဆိုတာ လမ်းခွဲပြီးရင် ပြီးတယ်
ရယ်ချင်ရင်တော့ ရယ်လိုက်
ပေါ့ပါးခြင်းတွေ အခမဲ့ဝေမျှနေပြီ
အနာဂတ်ဆိုတာ မပိုင်ပေမယ့် ဆိုင်နေရတာပဲမို့ ။ ။

ကောင်းတယ် မိုးလူရေ။ အားပေးသွားတယ်ဗျာ။။

Leave Comments

Name*

Email*
Website
Email me whenever there is new comment