ငါသည်သာ…လူတစ်ယောက်ဖြစ်ခဲ့သော်
ခဏခဏ ဖြိုချတတ်တဲ့ သစ္စာတွေကြားမှာ သိက္ခာဆိုတာ ရောင်းစားခံလိုက်ရတဲ့ တစ်မနက်စာဟင်းတစ်ခွက်
တခါတခါ ဖိနပ်စီးပြီး ရင်ထဲကိုဖြတ်သန်းသွားတတ်တဲ့ ဟန်ဆောင်မှုတွေကိုမုန်းတယ်
နံင်္ရတွေမှာ နားတွေရှိပါသတဲ့…………..
တခါတခါ ခါချတာတောင် ကျမလာတဲ့ ကံကောင်းခြင်းကိုလည်း ကောင်းချီးပေးပါတယ်
လွယ်ပါတယ်….. တကယ်ကိုလွယ်ပါတယ်…တဲ့……………………….
တစ်ထစ်ခြင်းတက် တစ်လှမ်းခြင်းလျှောက် ဘ၀ဆိုတာ ခရီးပေါက်သတဲ့
ဟုတ်ကဲ့……ကျတော်တို့တွေက ဓါတ်လှေကားစီးခွင့်မ၇ှိတဲ့သူပါ….ကဗျာ
မေတ္တာတရားတွေလည်း ရောင်းဝယ်ငှား…ပေါများလာတာများဗျာ……….
ဟုတ်ကဲ့..ကျတော်တို့ လူနေမှု အဆင့်မြင့်တက်လာပါတယ်….
တခါတလေများ……ဘ၀ဆိုတာ ခပ်ခါးခါးဖြစ်တယ်လို့ပြောရင်…..နင်ယုံမှာလား ကဗျာ………
မနက်မနက်တွေမှာ နိုးထလာတာ ကိန်းဂဏန်းတွေပါ……………..
တနေ့စာ……၀မ်းရေးအတွက် ငါ….ဘ၀ကားကြပ်ကြပ်ထဲ….မ၀ံ့မရဲလည်းတိုးစီးပါတယ်
အလိမ်မကင်း အပြစ်ခြင်းထပ် လှည့်စားလို့
ရိုးသားခြင်းနဲ့ရောင်းတတ်တဲ့ ငါ ညငှက်လေးတွေလည်း တခါတခါ ရီပြဖူးတယ်
တစ်ရက်တခါ အပြုံးတွေတောင် ငါက နပ်မမှန်တဲ့သူ
တသက်မှာတခါ ချစ်တယ်လို့ငါရဲရဲဝံ့ဝံ့ ပြောရင်း အမုန်းဆုတွေယူမယ့်သူ
အော်…….ကဗျာရေ…….တခါတခါလေ…..ငါတွေးမိတယ်သိလား
ငါ အလကားရမယ့် ယုံကြည်မှုနဲ့ မေတ္တာတရား ငှားမစားဘူးလို့လေ……
အင်း….ငါသည်သာလူဖြစ်ခဲ့သော်..ပေါ့ဟာ……ကဗျာ…..
ငါကြားဖူးတဲ့…မေတ္တာကမ္ဘာက ငါသည်သာလူဖြစ်ခဲ့သော်ပေါ့ဟာ…..။…….။
Comment #2
သားသားရေ….အရမ်းကောင်းတယ်ညီလေးရေ့…..
အားပေးနေတယ်ကွ……
By: moehtetaung18 at Dec 19, 2010
Comment #3
ခဏခဏ ဖြိုချတတ်တဲ့ သစ္စာတွေကြားမှာ သိက္ခာဆိုတာ ရောင်းစားခံလိုက်ရတဲ့ တစ်မနက်စာဟင်းတစ်ခွက်
တခါတခါ ဖိနပ်စီးပြီး ရင်ထဲကိုဖြတ်သန်းသွားတတ်တဲ့ ဟန်ဆောင်မှုတွေကိုမုန်းတယ်
နံင်္ရတွေမှာ နားတွေရှိပါသတဲ့…………..
By: နရီထက် at Dec 19, 2010
Comment #4
‘တခါတခါ ခါချတာတောင် ကျမလာတဲ့ ကံကောင်းခြင်းကိုလည်း ကောင်းချီးပေးပါတယ်’
ကံကောင်းခြင်းတွေက ခါချတာတောင် ကျ မလာပေမယ့်
ကံဆိုးခြင်းတွေကျ ဘာလို့ မိုးရွာသလို ပေါချင်းသောချင်း ဖြစ်နေရတာလဲ …
စဉ်းစားမိတာပါနော် …
ဟုတ်တယ်ဟုတ် …
By: ယုစံ at Dec 19, 2010
Comment #6
အစ်ကိုနှောင်းလူ၊အစ်ကိုတော် မိုးထက်၊အစ်ကိုကြီး နရီထက် နောက်အမြဲဖတ်ပေးအားပေးတဲ့ ငါ့ညီမလေး ယုစံ၊
နောက်ဆုံး အမြဲတမ်းပရိသတ်လုပ်ပေးတဲ့ ကိုကြီးမိုးဇက် ကျေးဇူးပါ
🙂
By: သားသား at Dec 19, 2010
Comment #8
တခါတခါ ဖိနပ်စီးပြီး ရင်ထဲကိုဖြတ်သန်းသွားတတ်တဲ့ ဟန်ဆောင်မှုတွေကိုမုန်းတယ် {ဟုတ်ပ…အဲစာသားတော့ကြိုက်ဆုံးပဲ}
By: ရွှေငါး at Dec 20, 2010
Comment #9
ဟန်ဆောင်မှုတွေကို မုန်းတယ် ကျွန်တော်ေ၇ာပဲ…
By: genius.jinx28 at Dec 20, 2010
Comment #10
ငါ့ညီ…
အိုင်စီ ပြောတာ မှန်တယ်..ဆက်ရေးထပ်ဖြည့်လိုက်ရင် ကဗျာထက် အက်ဆေးက ပိုသင့်တော်တယ်။
ငါ့ညီ အခုတလော ကဗျာတွေ စပ်လှချည်လား…
ကဗျာဆရာလုပ်ချင်လို့လား..ခံစားချက်ထွက်ပေါက်ရှာနေတာလား…။
ဘာပဲပြောပြော..အကိုတို့ရှိတယ်ဆိုတာ မမေ့လေနဲ့..။
We are the ONE
By: သွေးနက် at Dec 20, 2010




Comment #1
တစ်ထစ်ခြင်းတက် တစ်လှမ်းခြင်းလျှောက် ဘ၀ဆိုတာ ခရီးပေါက်သတဲ့
ဟုတ်ကဲ့……ကျတော်တို့တွေက ဓါတ်လှေကားစီးခွင့်မ၇ှိတဲ့သူပါ….ကဗျာ
မေတ္တာတရားတွေလည်း ရောင်းဝယ်ငှား…ပေါများလာတာများဗျာ……….
ဟုတ်ကဲ့..ကျတော်တို့ လူနေမှု အဆင့်မြင့်တက်လာပါတယ်….
တခါတလေများ……ဘ၀ဆိုတာ ခပ်ခါးခါးဖြစ်တယ်လို့ပြောရင်…..နင်ယုံမှာလား ကဗျာ………
မနက်မနက်တွေမှာ နိုးထလာတာ ကိန်းဂဏန်းတွေပါ……………..
တနေ့စာ……၀မ်းရေးအတွက် ငါ….ဘ၀ကားကြပ်ကြပ်ထဲ….မ၀ံ့မရဲလည်းတိုးစီးပါတယ်
အလိမ်မကင်း အပြစ်ခြင်းထပ် လှည့်စားလို့
အရမ်းကောင်းတယ် သားသားရေ ကြိုက်တယ်ကွာ အရေးအသားတွေကို အားပေးနေတယ် ညီလေး သားသားရေ…..။