Professional Authors

ဂုဏ်ပကာသနတွေသာမရှိခဲ့ရင်

ချစ်သူရယ် . . .
မင်းဘေးနားက
 အဝေးကို ထွက်မသွားချင်ပါဘူး
 အဆွေးသမားလည်း ကိုယ်မဖြစ်ချင်ပါဘူး
ဖြစ်နိုင်ရင်
သာယာတဲ့ ရင်ခွင်မှာ
 နုညံ့တဲ့ အချစ်တွေ ပေးပြီး
အရိပ်တကြည့်ကြည့် ချစ်နေချင်တာပါ
အိပ်မက်နဲ့ စိတ်ကူး ထပ်တူကြခဲ့ပေမယ့်
တကယ်လက်တွေ ဘ၀မှာတော့
ဂုဏ်ဓနတွေပိုင်းခြား
ပကာသနတွေ ခြံရံထားနဲ့
မိုးနဲ့မြေလို ကွာခြားလှပါတယ် . . .
ချစ်သူရယ်
မမှီတဲ့ပန်း မလှမ်းသာပေမယ့်
သိလျှက်နဲ့ ခုန်ခူးမိတော့
လက်ကို ဆူးစူးတာပေါ့
ပေါင်းစပ်လို့ မရတဲ့ ဘ၀နှစ်ခုအတွက်
ချစ်သူဖတ်က စွန့်ပြစ်မှာလား
ကိုယ့်ဖတ်မှာက
အချစ်ကို ကိုးကွယ်ထားတာမို့
နေ့စဉ်ရက်စက် ကိုယ်စောင့်နေပါတယ်
ဓနဂုဏ်တွေ မရှိပေမယ့်
သစ္စာ အချစ်တွေ ရှိနေပါတယ်
မဆုံစည်းနိုင်သော ကိုယ်တို့နှစ်ယောက်အတွက်
နောက် . . . နောင်ဘ၀ဆိုတာရှိခဲ့ရင်
နောင်ဘ၀ဆိုတာရှိခဲ့ရင် . . . ?

Comment #1

နောက်ဘ၀ဆိုတာ ၇ှိခဲ့၇င်တော့ အသေအချာပဲပေါ့ ကိုမင်းခန့်သူ

commentinfo By: genius.jinx28 at Dec 17, 2010
Comment #2

နောင်ဘ၀ဆိုတာရှိခဲ့ရင် . . . ?
ဘာဖြစ်လဲ ဆက်ရေးလေဗျာ….
ခံစားချက် အမှန်တွေလားဗျာ…အားပေးနေတယ်ဗျို့..ဆက်လုပ်ရဲဘော်

Leave Comments

Name*

Email*
Website
Email me whenever there is new comment