Professional Authors

ကဗျာက

အပြာေ၇ာင် အနားသတ်မဲ့ကောင်းကင်ထဲ

အောက်ဆီဂျင် ပိုက်တစ်ခုကတန်းလန်း

ညတစ်ခု နေ့တစ်ရက်နဲ့

အမြီးအမောက်မတည့်တဲ့ ဖန်ခွက်တွေက

ခပ်ပါးပါးရယ်စရာ တီးတိုးရွတ်နေရင်း

မျဉ်းရှည်တစ်ကြောင်းလို ကောက်ကွေ့လိုက်

ဆေးသားထူထူ ကင်းဗတ်တစ်စလို ကြမ်းတမ်းလိုက်နဲ့

အက်ကွဲကြောင်းထဲ တိုးဝင်နေတဲ့ အိမ်မြှောင်လို

နာရီသံတစ်ဖျတ်ဖျတ်မှာ မှိန်းထက်ကငါးတစ်ကောင်

ရေမကူးတော့တာ..ကဗျာမဟုတ်သေးဘူးနော်။ ။

In: ကဗျာ Posted By: Date: Dec 3, 2010
Comment #1

အီး … တည့်တည့်ပြောနေတာလားဗျာ. .
ကဗျာတွေ ရေးရမှာတောင် လက်ရှက်လာပြီ …
ဒါပေမယ့် ရေးမှာပဲ သည်းခံပါ မိုးလူရာ
🙂

Leave Comments

Name*

Email*
Website
Email me whenever there is new comment