Professional Authors

ရွှေချေကျင်း နားကွင်းလုပ်ဝတ်တဲ့ခေတ်

ရွှေချေကျင်း နားကွင်းလုပ်ဝတ်တဲ့ခေတ်
   ပြေးတော့ပြေးတာပဲ
   ဒါပေမရ့် ကျောခိုင်းမပြေးပဲ
   နောက်ပြန်ပြေးနေတာ
   မင်းမျက်နှာ ဒါနောက်ဆုံးဖူးခွင့်ရတာမို့ပါ…..
ဓားတော့ ဓားပဲ
ဒါပေမရ့် ငါ့နောက်ကျောက ထိုးတဲ့ဓား
အယူခံလျှောက်လဲချိန်တောင် မရလိုက်ဘူး…..
    အကြွေးတော့ အကြွေးပဲ
    ဒါပေမရ့် ၀ဋ်ကြွေး
    မကျေမခြင်း လည်ဆင်းခံဆပ်ရတဲ့ အကြွေး…..
စန်းပွင့်တာတော့ ပွင့်မယ်
ဒါပေမရ့် သေပန်းပွင့်မှာ
ငရို နဲ့  မိဂျူးတို့လိုနေမှာပေါ့…..
    အမေကပြောတယ်
    “ခုခေတ်က ရွှေချေကျင်း
    နားကွင်းလုပ်ဝတ်တဲ့ခေတ်” တဲ့
    ဘာဆိုင်လို့လဲ မမေးနဲ့…..
    လိုက်မမှီတာကို တင်စားလိုက်တာပါ…..
“ဘာနောက်တစ်ယောက်” ဟုတ်လား?
နေ၊ နေ၊ နေပါစေ သူငယ်ချင်း
ငါ့အသဲ ခွေးပဲကျွေးပစ်လိုက်မယ်။   ။   ။

နေ့သစ်(စနေ..၁၂ am to 2am)
27.11.2010

In: ကဗျာ Posted By: Date: Nov 28, 2010
Comment #1

ဘာနောက်တစ်ယောက်” ဟုတ်လား?
နေ၊ နေ၊ နေပါစေ သူငယ်ချင်း
ငါ့အသဲ ခွေးပဲကျွေးပစ်လိုက်မယ်။ ။ ။

ဝါးးးးးးးးးး
ကောင်းပါ့ဗျာ….
ခွေးတော့ကောင်းစားပြီ…
😛

commentinfo By: ကိုဇင် at Nov 29, 2010
Comment #2

အင်း.. အခြေနေတွေကဘယ်လိုတေဖြစ်ကုန်ပီလဲ..ကိုနေ့သစ်ရဲ့ {ကြည့်ရတာတော့ကောင်းပုံမရဘူး}

commentinfo By: ရွှေငါး at Nov 29, 2010
Comment #3

အခြေအနေတွေက တော့ပုံမှန်ပါပဲ
ဝေးမြဲ ဝေးနေဆဲပေါ့……
မနက်မိုးလင်း မျက်ရည်နဲ့ မျက်နှာသစ်ရတဲ့
ဘ၀ကြီးကို မခံစားနိုင်လွန်း လွန်းလို့
ထွက်လာတဲ့ စကားလုံးတွေပဲ……….

commentinfo By: nate thit(နေ့သစ်) at Dec 4, 2010
Comment #4

စရာတော့ စရာကြီးပဲ
ရွံ့စရာကြီး…..

commentinfo By: မဖြိုးလေး at Dec 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment