မင်္ဂလာပွဲ
အပြုံးတစ်ခုကို
မျက်နှာပေါ် ဖြည်းဖြည်းချိတ်ဆွဲလိုက်တယ်
ဘယ်နှုတ်ခမ်းထောင့်စွန်းနဲ. ညာထောင့်စွန်း
နည်းနည်းလေးညီအောင်ညှိ
နှုတ်ခမ်းနှစ်ခုကိုလုံအောင်စိထား
နှလုံးသားဆီကကြေကွဲမှုတွေ လျှံထွက်မလာစေနဲ့
မျက်နှာကိုလျော့ထားလေ
ကိုယ့်အတွက်အကောင်းဆုံးလူကို 
စိတ်ပျက်မသွားစေနဲ့
တစ်ဘ၀စာတပ်ရမယ့် မျက်နှာ
စိတ်ရှည်လက်ရှည်လေးပြင်ပေး။   ။
Comment #2
တသက်လုံးစာပြုံးနေ၇မှာပေါ. နော်
                        By: moelay at Nov 16, 2010
                    Comment #3
တသက်လုံးစာပြုံးနေရမှာပေါ.နော်
                        By: moelay at Nov 16, 2010
                    Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        



 
Comment #1
ဂွတ်ထ နေပါသည် ကိုမော်နီ။