Professional Authors

မြို့ပြ

In: ကဗျာ Posted By: Date: Nov 12, 2010
Leave comment commentinfo 3 Comments & 912 views
Comment #1

“””” မြို့ပြ
ပင်လယ်ထဲ မိုးရွာနေတယ်
မရိုင်းတဲ့ လှိုင်းထဲ မျှောပါစေကွယ် “”””””

ဒါလေး ကြိုက်တယ်

commentinfo By: lwanhlainge at Nov 13, 2010
Comment #2

😀
10Q, 10Q my lovely sis 🙂

commentinfo By: John Moe Eain at Nov 13, 2010
Comment #3

မြို့ပြ…တဲ့။

ကျယ်ပြန့်လွန်းတဲ့ နယ်ပယ်…။ မတူညီတဲ့အတွေး၊ မတူညီတဲ့ အားထုတ်မှု၊ မတူညီတဲ့ ချဉ်ခြင်းတပ်မှုမျိုးစုံနဲ့ အိပ်မက်တွေကို ရောင်းတယ်၊ ၀ယ်တယ်၊ အသွင်ပြောင်းကြတယ်….။

ဒီနယ်ပယ်ထဲမှာ သိသိရက်နဲ့ လက်မနဲ့ လက်ညိုး ၀ိုင်းလို့ရတဲ့ အကွင်းလေးအတွက် သိက္ခာကို ချနင်းရဲတဲ့ လက်တစ်လုံးခြား ရက်စက်မှုတွေ ရှိတယ်။ ဒီနယ်ပယ်ထဲက ကဏ္ဍလေးတစ်ခုကိုမှ အပိုင်းအစလေးတစ်ခုကိုမှ မြတ်မြတ်နိုးနိုး လေ့လာရင်း ဘ၀ကို မေ့ထားတဲ့သူတွေရှိတယ်။ သီအိုရီတွေကို စားသုံးရင်း မာနနဲ့ ဘ၀ ရိုက်ခတ်မှုတွေကို ရင့်သီးစွာခံစားနေသူတွေရှိတယ်။ ပညာရှင်တွေက ပညာရပ်ကို ယစ်မူး၊ ငွေရှင်တွေက ပညာရှင်တွေဆီက အသွင်ပြောင်းလာတဲ့ စက္ကူတစ်စအပေါ်ယစ်မူး ရူးသွပ်မှု ကိုယ်စီရှိတယ်။ အချိုးညီညီ အသုံးချသူတွေရဲ့ အောင်မြင်မှုတွေအပေါ် တစ်ချို့တစ်ချို့ရဲ့ မက်မောမှုတွေ ရှိတယ်၊ မုဒိတာ တရားတွေရှိတယ်၊ အားကျမှုတွေ ရှိတယ်။ သောက်မကုန်တဲ့ ပင်လယ်ရေအပေါ် ရက်ရက်ရောရော ဝေမျှသူတွေရှိတယ်။ တဖတ်သတ် မက်မော သိုဝှက်ထားတဲ့သူတွေ ရှိတယ်။ သေချာတာကတော့ တန်ဖိုးထားတတ်တဲ့ စိတ်အပေါ်မူတည်ပြီး အရင်းအနှီးတွေ ကွာခြားတယ်။ များတဲ့ဖက်မှာများ နည်းတဲ့ဖက်မှာနည်း မတူညီတာကိုက မြို့ပြဘ၀ပဲပေါ့……။

ဒီနယ်ပယ်မှာ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုဟာ Trademark ဖြစ်တယ်။ ပညာရပ်ကို သေချာတတ်သူတွေဟာ ယုံကြည်ချက်ကို ဖြစ်စေသလိုပဲ အဆင့်မီတဲ့ စာရွက်တွေပေါ်က လက်မှတ်တွေကလည်း ယုံကြည်ချက်တွေ ဖြစ်စေသတဲ့..။ စာရွက်တစ်ခုအပေါ်မှာလည်း ယုံကြည်မှုတွေ ထားတယ်။ တံဆိပ်တစ်ခုမှာလည်း ယုံကြည်မှုတွေ ထားတယ်။ လက်မှတ်တစ်ချက်မှာလည်း ယုံကြည်မှုထားတယ်။ Stepping Stone ဖြစ်တဲ့ ယုံကြည်မှုမှာတောင် အတုအစစ်တွေ ရှိတယ်။ သေချာတာကတော့ Trusted Money တွေဟာ အမြဲ ပန်းပန်နေမှာပါ။ တန်ဖိုး သတ်မှတ်လိုက်တဲ့ စာရွက်တွေ အသုံးချတဲ့အခါ အဆိပ်မသင့်စေဖို့ပဲ ဆုတောင်းနေမိပါရဲ့….။

မြို့ပြ ဟာ အိပ်မက်ကုန်စည် ရောင်းပွဲ ပြပွဲ။

မြို့ပြမှာ စူးတဲ့ဆူးတွေ ဆူးမဲ့ဆူးတွေ လူးလွန့်သွားဆဲပါပဲ…။

မြို့ပြ ရဲ့ ပင်လယ်ထဲ မိုးရွာနေတယ်….။

ကိုယ်တိုင်အတွက်တော့ မရိုင်းတဲ့ လှိုင်းထဲ မျှောပါစေကွယ်။

(ဂျွန်မိုးအိမ်)

[ စကားချပ်…။
အမြင်တွေ အမျိုးမျိုး ကွဲပြားသွားမှာပါပဲ……….။ နောင်တစ်ချိန် ကိုယ့်အမြင်ကို ကိုယ်ပြန်တွေးရင်တောင် ကွဲပြားမှုတွေ ပြန်မြင်ရရင် ကျေနပ်ပါတယ်…….။ အချိန်တစ်ခုမှာတော့ ကျွန်တော် ဒီလိုတွေးခဲ့ကြောင်း စကားလုံးတွေအဖြစ် ချန်ရစ်ခဲ့ရုံပါ….]

commentinfo By: John Moe Eain at Nov 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment