Professional Authors

အရူးသုံးယောက်စကားဝိုင်း

အရူးသုံးယောက်စကားဝိုင်း

အကြောင်းတိုက်ဆိုင် ဖို့မလို
အငွေ့ပျံပျောက်ဆုံးလွယ်တဲ့ အရာတွေကို
တစ်သက်စာ မြဲတဲ့ပုံဆောင်ခဲ လိုလိုတည်

အာပေါင်အာရင်း သန်သန် ငြင်း
မကြေ နပ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောကြပါ
ရန်ဖြစ်ကြပါ
ပက်ပက်စက်စက် လည်းပြောနိုင်တယ်
ဘော့ကစ ထဲထည့်ပြီး အိမ်သယ်မသွား မသိမ်းထားနဲ့ 

ဥရောပမဟုတ် မြန်မာမစစ်
ကလေးမဟုတ် လူကြီးမပြစ်
အပြစ်သားတွေလား
ကော်ဖီ သောက် အသေပြော မမော

အရူးသုံးယောက်
ကဘောက်တိကဘောက်ချာဝိုင်း
ဓာတ်ပုံရိုက်ပြီးယူ

အဲသဟာ မှတ်တမ်း
ဒီနေ့ အဖို့
နောက်တော့လဲ မေ့ မှာပဲ။    ။

ဩမြိုင်

In: ကဗျာ Posted By: Date: Nov 2, 2010
Comment #1

ဘော့ကစ = box (he he..it’s so difficult to type in burglish engine)

commentinfo By: wordsareflowingoutlikeendless at Nov 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment