Professional Authors

မျှော်သူ့အလွမ်း

မျှော်သူ့အလွမ်း

အချစ်ဦးနုနု
ရင်ထဲခုလို့
တမျိုးတမည်
ရင်ထဲမြည်သည်

နှစ်ကိုယ်ခွဲအလွမ်းဓာတ်
တစက်စက်နဲ့
ပင်လယ်“ဝေ”သည်

မည်ကာမတ်တပ်
တစ်ရက်နှစ်ရက်နဲ့
မျှော်တတ်နေပြီ
သူသိသိမသိသိ ရင်ထဲအမြဲ
စွဲလန်း အခက်ဗဝေ

တယုတယ ချစ်ရ မြတ်နိုးရသူမှာ
ပန်းပျိုးအလင်္ကာ
ညိုးတော်စိတ်နွမ်း သူ့ကို ရင်ထဲ
မမြင်မတွေ့လည်း
တမြည့်မြည့်နဲ့ တမ်းတ အဆိပ်တတ်
ချစ်လို့နေသည်….

အုံ့ပုန်းတစ်ဖက်သတ်
ရူးလို့နေပြီ
“သူ”တစ်ယောက်တော့
ဘယ်ဆီဘယ်ဝယ်
ရင်ထဲမှာတော့
ရှိလို့နေသည်။

တစ်ယောက်သောသူအတွက် လွမ်းခြင်း

In: ကဗျာ Posted By: Date: Oct 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment