Professional Authors

သူရေးခဲ့တဲ့ ငါ့ရဲ့ပုံပြင်

ငါ့ရဲ့ ညအိပ်ယာဝင် ပုံပြင်တွေက

ခုတော့လဲ အိပ်မက်ဆိုး အဖြစ်….

ငါနဲ့ သူ့ရဲ့ အမှတ်တရတွေက

ခုတော့လဲ တိတ်ဆိတ် ဝေးလွင့်…

ငါ့မှာရှိခဲ့တဲ့ အိပ်မက်တွေက

ခုတော့လဲ မျှော်လင့်ချက်မဲ့လို့….

 

ချစ်သူရေ

မလိုချင်တဲ့နေ့တွေ ရောက်လာခဲ့ပေါ့

မထင်ထားတွေ ဖြစ်လာတော့လဲ

ခြောက်ကပ်ကပ် အလွမ်းတွေနဲ့

တစ်ချိန်က အနမ်းတွေကို မေ့ပစ်

အတိတ်ဆိုတာကို ငါကြိုးစား သတ်ပစ်နေတယ်..

 

ဘာမှ ပြောစရာမရှိတာမဟုတ်ဘူး

ဘာမှကို မပြောချင်တော့တာ

အဲဒါ အေးစက်တာမဟုတ်ဘူး

တမြည့်မြည့်နဲ့ လောင်ကျွမ်းနေတာ

ပြာကျမဲ့ အထိပေါ့..

 

အနားမှာ မရှိတော့မှ

အတူရှိခဲ့ဖူးတဲ့ နေ့တွေက

သိပ်ကို ရွှေရောင်တောက်ပြနေတော့တယ်

ငါကရွှေမင်းသမီး မဟုတ်ခဲ့ပေမဲ့

နင့်ရဲ့ မြှောက်စားမှုအောက်မှာ

ငါ ဘုရင်မတစ်ပါး ဖြစ်ခဲ့ဖူးတာပဲ…

 

ခုတော့ကော..

ခုတော့ အဲဒါ ပုံပြင်တွေလား

ဒါဆို နင်ရေးခဲ့တဲ့ ငါ့ရဲ့ပုံပြင်ပေါ့

နူးညံ့တဲ့ အချစ်ဇာတ်

ရက်စက်မှုတွေနဲ့ ဘောင်ခတ်တော့

လွမ်းတတ်သူများမဖတ်ရ…


ကြက်ခြေခတ် X

5 oct 10 (09:24)

 

 

 

 

In: ကဗျာ Posted By: Date: Oct 5, 2010
Comment #1

လွမ်းတတ်သူများမဖတ်ရဆိုပေမယ့် လွမ်းတတ်သူတစ်ယောက်တော့လာဖတ်ရင်းအားပေးသွားတယ်နော်။

အခုတော့လဲမျှော်လင့်ချက်မဲ့လို့……
အတိတ်ဆိုတာကို ငါကြိုးစားသတ်ပစ်နေတယ်…..
ပြာကျမယ့်အထိပေါ့….. 🙁

commentinfo By: moezat at Oct 5, 2010
Comment #2

ဖတ်စေချင်လို့ကို နောဆုံးမှ မဖတ်နဲ့လို့ရေးတာ အဟီး 😀

Comment #3

ခံစားချက်ချင်းတူနေတယ် သူငယ်ချင်းရေ

commentinfo By: Zar Zar at Oct 6, 2010
Comment #4

ဟုတ်လား သူငယ်ချင်းရေ

Comment #5

ငါ့ကိုများရေးလားလို့ထင်မိတယ် သူငယ်ချင်းရေ

commentinfo By: chittee357 at Oct 6, 2010
Comment #6

တကယ်ပဲခံစားချက်နဲ့တိုက်ဆိုင်ပြန်ပြီ
ဘယ်လိုလုပ်မလဲ
ခံစားချက်တွေတူနေပြန်ပြီနော်
ဘာပဲဖြစ်ဖြစ်ဝမ်းသာပါတယ်

commentinfo By: hmwehmwe at Oct 6, 2010
Comment #7

ချစ်တီးက ငါ့ချစ်သူမှ မဟုတ်တာကို ငါက ဘာလို့ဗရးရမှာလဲလို့

Comment #8

အနားမှာ မရှိတော့မှ

အတူရှိခဲ့ဖူးတဲ့ နေ့တွေက

သိပ်ကို ရွှေရောင်တောက်ပြနေတော့တယ်

ငါကရွှေမင်းသမီး မဟုတ်ခဲ့ပေမဲ့

နင့်ရဲ့ မြှောက်စားမှုအောက်မှာ

ငါ ဘုရင်မတစ်ပါး ဖြစ်ခဲ့ဖူးတာပဲ…
ကောင်းလိုက်တာ ။ ခံစားရပါတယ် . ထားခဲ့တော့လည်းလေ

commentinfo By: yatu at Oct 6, 2010
Comment #9

ဒါမိန်းကလေးတိုင်း ခံစားရတဲ့အပိုင်းပေါ့။
မိန်းကလေးတိုင်းကတော့ သူတို့ချစ်သူရဲ့ ချစ်ခြင်းခံရတဲ့ အချိန်တုန်းကတော့ ဘုရင်မပေါ့ဟာ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment