Professional Authors

နင့် အတွက် ငါ

လှည့်မကြည့်ချင်ရင်တောင်

ငဲ့စောင်းပြီးငေးနေလိုက်ပါ

နင့်အတွက်ငါ ပေးဆပ်ဖို့အမြဲအသင့်ပါ

မလိုအပ်ရင်တောင်

လမ်းခုလပ်မှာ ထားခဲ့လိုက်ပါ

နင့်အတွက်ငါ ကျေနပ်နေမှာ အမြဲပါ

ရှုံးနိမ့်နေရင်တောင်

မျှဝေခံစားပေးဖို့သတိရလိုက်ပါ

နငိ့အတွက်ငါ နှစ်သိမ့်ပေးဖို့အမြဲပါ

အောင်မြင်နေရင်တောင်

အဝေးဆုံးမှာ ငါ့ကိုပစ်ထားပါ

နင့်အတွက်ငါ အမိန့်တွေနာခံလျှက်ပါ

လမ်းပျောက်နေရင်တောင်

တွဲခေါ်ပေးဖို့ စဉ်းစားလိုက်ပါ

နင့်အတွက်ငါ လမ်းကြမ်းထဲလည်း

ဖေမတွဲလို့ ပါရမီတွေဖြည့်ပေးမှာပါ

အမှောင်ဖုံးအလင်းပျောက်နေချိန်မှာ

အလင်းရောင်တစ်ခု တောင့်တလိုက်ပါ

ငါကိုယ်တိုင် အလင်းရောင်မဖြစ်ထိုက်ရင်တောင်

လောင်ကျွမ်းခံပြီး နင့်အတွက်

အလင်းရောင်တစ်စုံတစ်ခု

ငါ ထွန်းညှိုမှာပါ

ရက်စက်မှုတွေအလူးအလဲခံနေရတဲ့အခါ

ငါ့ရဲ့ပေးဆပ်မှုတွေကို တမ်းတလိုက်ပါ

အတိုင်းအဆမရှိချစ်ခွင့်မရခဲ့ပေမယ့်

နင့်အတွက်ငါ အဆုံးစွန်ထိ

ဖြည့်ဆည်းပေးဖို့ထာဝရပါ          

In: ကဗျာ Posted By: Date: Sep 25, 2010
Comment #1

ငါကိုယ်တိုင် အလင်းရောင်မဖြစ်ထိုက်ရင်တောင်
လောင်ကျွမ်းခံပြီး နင့်အတွက်
အလင်းရောင်တစ်စုံတစ်ခု
ငါ ထွန်းညှိုမှာပါ….

commentinfo By: Shane Khant at Sep 25, 2010
Comment #2

မလိုအပ်ရင်တောင်

လမ်းခုလပ်မှာ ထားခဲ့လိုက်ပါ

နင့်အတွက်ငါ ကျေနပ်နေမှာ အမြဲပါ
မကေ…ပေးဆပ်လှချည်းလား..။

commentinfo By: poem.poem28 at Jun 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment