Professional Authors

မဖြစ်နိုင်တော့တဲ့ ဆန္ဒတစ်စုံ

မထိုးနှက်လိုက်ပါနဲ့
ငါသတ္တိမရှိဘူးလို့လေ
အဲဒီလိုမဟုတ်ခဲ့ပါဘူး
မင်းကိုမြင်တိုင်း
ခြေလှမ်းတွေလေးလံနေလို့
ဆောက်တည်ရာမဲ့နေတဲ့
လေပွေလေရိုင်းတွေလို
အခြေအမြစ်မရှိတဲ့ ငါစိတ်တွေ
ထိန်းချုပ်လို့ကိုမရခဲ့တာ
ကြိုးစားခဲ့တာ ဖွင့်ပြောဖို့
မအောင်မြင် မပြင်ဆင်နိုင်တဲ့
စိတ်ဓါတ်တွေ
အပြစ်ပေးသင့်ပါတယ်လေ
အခွင့်အရေးဆိုတာနှစ်ခါမရှိသလို
ဝေးသွားခဲ့ရမှ
သိလိုက်တဲ့နောင်တရဲ့
အကျိုးဆက်တွေကို
ငါ့ရင်မှာထွေးပိုက်လျှက်ပါ

ဖွင့်ပြောလိုက်လို့စိတ်ဆိုးမလားဆိုတဲ့

အသုံးမကျတဲ့ ကြောက်ရွံ့မူ့တွေ

ငတ်မွတ်နေတဲ့ မင်းရဲ့အချစ်
မရသည့်တိုင်အောင်
ဖုံးလွှမ်းခဲ့တယ်
တကယ်လို့များ မင်းကိုပြန်တွေ့ခဲ့ရင်
ငါလေ….

In: ကဗျာ Posted By: Date: Sep 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment